မျောက်ငိုသီးပုစွန်ကြော်ချက်

Facebook Comments

by တင်တင်ဦး for Food Magazine

ပါ၀င္ပစၥည္းမ်ား

မျောက်ငိုသီး-  ၄ဝဝ ဂရမ်

ဆီ-  စားပွဲဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ-  ၅ မြွှာ

ကြက်သွန်နီ-  ၁ လုံး

ငရုတ်သီးအနှစ်-  စားပွဲဇွန်း ၁ ဇွန်း

နနွင်းမှုန့်-  အနည်းငယ်

ပုစွန်-  ၄ဝဝ ဂရမ်

ငံပြာရည်-  စားပွဲဇွန်း ၁ ဇွန်း

အရသာမှုန့်-  စားပွဲဇွန်း ၁ ဇွန်း

ဆား-  အနည်းငယ်

ရေ-  အသင့်အတင့်

ငရုတ်သီးစိမ်း-  ၅ တောင့်

ပင်စိမ်းရွက်-  အနည်းငယ်

ခ်က္နည္း

၁။        မျောက်ငိုသီးပုစွန်ကြော်ချက်လေး ချက်မည်ဆိုလျှင် ဦးစွာ မျောက်ငိုသီးလေးတွေကို ရေစင်အောင်ဆေးပြီး ထက်ခြမ်း ခြမ်းထားပါ။ ပြီးလျှင် ဒယ်အိုးတစ်လုံးထဲ ဆီ၊ ကြက်သွန် ဖြူနှင့် ကြက်သွန်နီတို့ကို ထည့်ပြီး အရင်မွှေပါ။ ပြီးလျှင် ငရုတ်သီးအနှစ်နှင့် နနွင်းမှုန့် ထည့်၍ မွှေပြီး ငရုတ်သီးအနံ့ ပျောက်ပြီဆိုလျှင် ပုစွန်ထည့်၍ မွှေပါ။

၂။         နောက်ဆုံးမှာ မျောက်ငိုသီးထည့်၊ ငံပြာရည်၊ အရသာမှုန့်နှင့် ဆားထည့်ပြီး မွှေပါ။

အားလုံးသမသွားပြီဆိုလျှင် ရေအနည်းငယ်ထည့်ပြီး မျောက်ငိုသီးလေး နူးသည်အထိ တည်ပေးလိုက်လျှင် ရပါပြီ။

Menu