Icy Raspberry Americano

Ko Zaw Phone_2

Ko Zaw Phone_4

Ko Zaw Phone_3

Ko Zaw Phone_5

     စာဖတ်ပရိသတ်များအားလုံး နှစ်သစ်ကူးအခါသမယမှာ ဘေးရန်ကင်းစွာဖြင့် စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာကြပါစေ။ ဧပြီလကတော့ မြန်မာနိုင်ငံရဲ့ နှစ်သစ်ကူး ကာလဖြစ်ပြီး အပူရှိန်မြင့်တဲ့ နွေရာသီဖြစ်လာပြီမို့ ဒီလနဲ့လိုက်ဖက်အောင် သောက်လိုက် တာနဲ့ ရင်ထဲမှာအေးပြီး လန်းဆန်းစေမယ့် Iced Coffee ကော်ဖီအေးလေးတစ်မျိုးကို ဖန်တီးသွားပါမယ်။ ဒီကော်ဖီအေးလေးကို ဖန်တီးတဲ့နေရာမှာ အဓိကကျတာကတော့ လတ်ဆက်စွာ လှော်ထားတဲ့ Element Company မှ ဖြန့်ချီသော Element Fresh roasted 100% Arabica Coffee Beans ကော်ဖီစေ့ကို အသုံးပြုမှာဖြစ်ပြီး အခြားပါဝင်ပစ္စည်းအနေနဲ့ U.S.A ထုတ် Davinci Gourmet Raspberry Syrup ကို အသုံးပြု သွားပါမယ်။

     အသုံးပြုမယ့် Espresso ကော်ဖီကို ရရှိနိုင်ဖို့အတွက် Element Company မှ ဖြန့်ချိသော CONTI Espresso machine ကော်ဖီဖျော်စက်နှင့် Mazzer Espresso grinder ကော်ဖီကြိတ်စက်တို့ကို Element Coffee Academy (ECA) & Training Center ကော်ဖီသင်တန်းကျောင်းမှာ အသုံးပြု ပြီး ဖန်တီးသွားမှာဖြစ်ပါတယ်။ ” Happy New Year & Happy Tingyan” ပါ။

 Icy Raspberry Americano

ပါဝင်ပစ္စည်းများ

♦   Davinci Gourment Raspberry Syrup   –   22.5 ml.

♦   Espresso    –    2 Shots

♦   Iced Water   –   120 ml.

♦   Iced Cubes

♦   Lime Wheel

ပြုလုပ်ပုံအဆင့်များ

၁။  Raspberry Syrup, Espresso နှင့် ရေအေး Iced Water တို့ကို Shaker ဖျော်ခွက်ထဲ အားလုံးပေါင်းထည့်လိုက်ပါ။

၂။  ရေခဲတုံးများကို Shaker ခွက်တစ်ဝက်ရောက်သည်အထိ ထည့်ပြီး Shaker ကို လှုပ်ခါပြီး ဖျော်လိုက်ပါ။

၃။  အလှဆင်သောက်သုံးမည့် ဖန်ခွက်ထဲသို့ Shaker ထဲမှ အရည်စစ်ထည့်ပြီး ရေခဲတုံးများနှင့် အမြှုပ်တို့ကို ထည့်ပါ။ ပြီးလျှင် Lime Wheel သံပုရာသီးအကွင်းလေးနှင့် အလှဆင်လိုက်ပါ။

Facebook Comments