Beauty in The Pot မိတ်ဆက်

Beauty in The Pot မိတ်ဆက်

     ရန်ကုန်မှာလူကြိုက်များကျော်ကြားလာတဲ့ HOT POT စားသောက်ဆိုင်အများအပြားရဲ့ကြားကို ထူးခြားတဲ့ product များနဲ့ ပိုမိုကောင်းမွန်တဲ့ဝန်ဆောင်မှုတွေနဲ့ ၀င်ရောက်လာတဲ့ Beauty in The Pot ဆိုတဲ့Hot Pot ဆိုင်ကိုလွန်ခဲ့တဲ့ ၂ လကျော်လောက်ကဖွင့်လှစ်ခဲ့ပါတယ်။

    လွန်ခဲ့တဲ့ ၂ နှစ်ကစပြီးစင်္ကာပူမှာစတင်ဖွင့်လှစ်ခဲ့ပြီး အသားအရေလှပမှုနဲ့ ကျန်းမာရေးကို အထူးအားပေးတဲ့ တရုတ်ရိုးရာဆေးဖက်ဝင်သစ်သီးသစ်ဥများနဲ့ သဘာဝအတိုင်း ရရှိတဲ့ collagen တို့ပေါင်းစပ်ပါဝင်တဲ့ Hot Pot အမျိုးအစားတွေကိုရောင်းချပေးတဲ့Beauty in The Pot  ဟာရန်ကုန်မြို့ ဆရာစံလမ်းအမှတ် (  )မှာဖွင့်လှစ်ထားတာဖြစ်ပါတယ်။

    Hot Pot ဟင်းရည်အမျိုးအစား (၅) မျိုးကိုအခြေခံပြီး ပြည်တွင်းထုတ် အသားငါးပင်လယ်စာများအပြင်နိုင်ငံခြားမှာမှာယူတင်သွင်းတဲ့ အသား၊ ငါး၊ ပင်လယ်စာမျိုးစုံကို နှစ်သက်ရာတစ်ပွဲချင်းမှာယူနိုင်တဲ့စနစ်နဲ့ဝန်ဆောင်မှုပေးနေတာဖြစ်ပါတယ်။

    ကျန်းမာရေးနဲ့အလှအပဆိုင်ရာကျွမ်းကျင်ပညာရှင်များနဲ့ စင်္ကာပူမှစားဖိုမှူးများဦးဆောင်ပြီး ဖန်တီးထားတဲ့ကြက်သား၊ ၀က်သားတို့ကို အချိန်ကြာမြင့်စွာပြုတ်ပြီးရရှိလာတဲ့ collagen ဓါတ်ကို Hot Pot ဟင်းရည်မှာထည့်သွင်းပြင်ဆင်ပေးပြီး ရိုးရာဆေးဖက်ဝင် ပါဝင်ပစ္စည်းများပါဝင်တဲ့ အခြေခံ ဟင်းရည်များထဲမှာတော့ မြန်မာအကြိုက်တွေ့မယ့် ဟင်းရည်ချိုချိုလေးကို Beauty Collagen Brothလို့နာမည်ပေးထားပြီးcollagen ပါဝင်တဲ့ဟင်းရည်ကို တရုတ်ဆီးသီးခြောက်၊ နဲ့ များစွာသော ဟင်းခတ်တွေနဲ့ ပေါင်းစပ်ဖန်တီးထားတာဖြစ်ပါတယ်။ နောက်ထပ်မြန်မာကြိုက်တစ်မျိုးဖြစ်တဲ့ Spicy Nourishing Broth အခြေခံဟင်းရည်မှာ စွံပလွန်သီးအနီ၊ wolfberries, ဂျင်ဆင်း, စီချွမ်ငရုတ်ဆီနဲ့ ထူးခြားတဲ့ ဟင်းခတ်အမယ်များစွာပါဝင်တဲ့ ဟင်းရည်စပ်စပ်လေးဖြစ်ပါတယ်။ ဒီ (၂) မျိုးကတော့ recommended ဖြစ်လို့ စာဖတ်သူမိတ်ဆွေများသွားရောက်မြည်းစမ်းကြည့်နိုင်ဖို့ သတင်းပေးလိုက်ပါတယ်။ ဟင်ရည်အိုးကိုတစ်မျိုးတည်းရောဟင်းရည် ၂ မျိုးအတွက် ၂ အိုးတွဲပြီးပါမှာယူနိုင်တာဖြစ်လို့ နောက်ထပ်လည်းသက်သတ်လွတ်သမားများအတွက် မှိုဟင်းရည်၊ သွေးလည်ပတ်မှုကောင်းပြီးကိုယ်ခံအားမြှင့်တင်ပေးတဲ့ Herbal Drunken Chicken Broth, ခန္ဓာကိုယ်အပူချိန်ကိုမျှတစေတဲ့ Cooling Coconut Broth စတဲ့ ဟင်းရည်မျိုးစုံလည်းရှိတာဖြစ်လို့ နှစ်သက်ရာဟင်းရည်ကိုမှာယူပြီးသုံးဆောင်နိုင်မှာဖြစ်ပါကြောင်း။

Facebook Comments