ငှက်ပျောဖူးကြော်ချက်

by တင္တင္ဦး for Food Magazine

ပါဝင်ပစ္စည်းများ

ငှက်ပျောဖူး –  ၁ လုံး

ကြက်သွန်နီ –  ၂ လုံး

မြေပဲလှော်ထောင်း –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည် –  စားပွဲဇွန်း ၂ ဇွန်း

ဆား –  အနည်းငယ်

ရှလကာရည် –  အနည်းငယ်

ကြက်သွန်မြိတ် –  အနည်းငယ်

ရေ –  အနည်းငယ်

ဆီ –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ငှက်ပျောဖူးကို အပြင်က အရင့်ပိုင်းကို အကုန်ခွာထုတ်ပြီး အလယ်မှာရှိတဲ့ အနုပိုင်းကိုသာ ယူပါ။

၂။         ငှက်ပျောအနုပိုင်းကို ပါးပါးလှီးပြီး ရှလကာရည်နှင့် ဆားရောထားတဲ့ ရေဇလုံထဲ ထည့်စိမ် ထားပါ။ ပြီးလျှင် ရေကို စင်အောင် ညှစ်ထားပါ။

၃။        ချက်မည့်အိုးထဲ ဆီထည့်ပြီး ကြက်သွန်နီကို အရောင်ရလာသည်အထိ ကြော်ပါ။ ပြီးလျှင် ငှက်ပျောဖူး၊ မြေပဲလှော်ထောင်း၊ ကြက်သွန်မြိတ်နှင့် အရသာထည့်၍ မီးအေးအေးနှင့်

ချက်ပါက အရသာရှိပြီး နူးအိနေတဲ့ ဟင်းပွဲတစ်ပွဲကို ရရှိပါလိမ့်မယ်။

Facebook Comments