Wok Fried Black Pepper Beef (အမဲသားငရုတ်ကောင်းဆော့စ်ကြော်)

by Ko Win [email protected] Win Zaw for Food Magazine

          အမဲသား၊ ငရုတ်ကောင်းဆော့စ်ကတော့ တရုတ်အစားအစာပေါ့နော်။ ထမင်းနဲ့ စားရင် အရမ်းကောင်းပါတယ်။ စင်ကာပူမှာတော့ အလွန်လူကြိုက်များပါတယ်။ ကဲ… လုပ်ကြရအောင်။

ပါဝင်ပစ္စည်းများ

အမဲသားလွှာ  –  ၂၀ဝ ဂရမ်

ပန်းငရုတ်ပွ (၃) မျိုး  –  ၃၀ ဂရမ်

ချင်းမျှင်  –  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ –  ၃ မြွှာ (နုပ်နုပ်စဉ်းပါ)

ငရုတ်ကောင်းဆော့စ်  –  ၁၀ဝ ဂရမ်

ကြက်သွန်နီ  –  ၂ လုံး (၄ စိတ် စိတ်ပါ)

နှမ်းဆီမွှေး  –   အနည်းငယ်

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

တရုတ်အရက်  –  ၂၀ ဂရမ်

ပြုလုပ်နည်း

၁။       ဦးစွာ အမဲသားလွှာများကို အရက်၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရသာနယ်ပြီး ဆီပူထဲ ထည့်ကြော်ပါ။ ကျက်ခါနီး ပါဝင်ပစ္စည်း အသီးအရွက်တွေအားလုံး ထည့်ကြော်၍ ချက်ချင်း ပြန်ဆယ်ပြီး ဆီစစ်ထားပါ။

၂။       ကြက်သွန်ဖြူ၊ ချင်းကို ဆီသတ်ပြီး ငရုတ်ကောင်းဆော့စ်ထည့်ချက်ပါ။ ဆူလာလျှင် အမဲသားနှင့်အတူ အားလုံးရော၍ ထည့်မွှေပြီး မြည်းပါ။ ပူပူစပ်စပ်လေးနှင့် အရသာရှိသွားလျှင် ရပါပြီ။ ငရုတ်ကောင်းဆော့စ်လုပ်နည်းလေး ရေးပေးပါမယ်။

          [ငရုတ်ကောင်းဆော့စ် = Garlic, Onion, Ginger, Butter, Soy Sauce (L,T), Oyster Sauce, Chilli Sauce, Hp-Black Pepper, Sugar, Water]

Facebook Comments