Wholemeal Bread

by Ko Win Zaw for Food Magazine

          ဒီပေါင်မုန့်တွေကတော့ စားလိုက်ရင် ခပ်ကြမ်းကြမ်းပါပဲ။ နူးညံ့မှုတော့ မရှိပါဘူး။ ဆီးချို၊ သွေးချိုသမားတွေ၊ ကျန်းမာရေးဂရုစိုက်တဲ့သူတွေ အဓိက စားသုံးကြတာပါ။ အနောက်နိုင်ငံသားတွေက နံနက်စာမှာ အစားများတာ တွေ့ရပါတယ်။ ဒီ Wholemeal Bread ကို တချို့ကလည်း Wholewheat Bread လို့ ခေါ်ကြတယ်ဗျ။ ပေါင်မုန့်ကိုတော့ မိမိကြိုက်သလို ပုံဖော်လို့ရပါတယ်။ လေးထောင့်ပုံ၊ အလုံးပုံ၊ အရှည်ပုံ စသဖြင့်ပေါ့။ ကဲ… လုပ်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

Bread Flour (ပေါင်မုန့်ဂျုံ)  –  ၇၀ဝ ဂရမ်

Wholemeal Flour  –  ၅၀ဝ ဂရမ်

Yeast (တဆေး)  –  ၂၅ ဂရမ်

Salt (ဆား)  –  ၁၀ ဂရမ်

Improver  –  ၁၀ ဂရမ်

Shortening  –  ၁၀ဝ ဂရမ်

Water (ရေ)  –  သင့်တော်ရုံ

Mixed Seed (အစေ့အဆန်များ)  –  ၁၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       Mixed Seed မှ လွဲ၍ ကျန်တာအားလုံးရောပြီး ဂျုံထိုးပါ။ အပျော့၊ အမာ အနေတော်လေးဖြစ်အောင် ရေကို ချိန်ပြီးထည့်ပါ။ ပြီးလျှင် ၁၀ မိနစ်ခန့်ထားပေးပါ။

၂။       မိမိကြိုက်သလောက် အလေးချိန်နှင့် လုပ်၍ရပါတယ်။ ကျွန်တော်တို့ကတော့ ၄၅၀ ဂရမ်စီလုပ်ပြီး လေးလုံးရပါတယ်။ ၄င်းကို နောက်ဆုံး ရေလေး ခပ်ပါးပါးဖျန်းပြီး Seed များကပ်ကာ အပွခံထားပါ။ ပြီးလျှင် အာဗင်ကို 175˚C အပူပေးထားပြီး ဖုတ်ပါ။

Facebook Comments