Whole Meal Bread

by Chef Saw Sar Mu Lar for Food Magazine

ပြုလုပ်ချိန် ၂ နာရီ၊ အရေအတွက် ၃ လုံး

Sour Dough လို့ခေါ်တဲ့ အချဉ်ဖောက်တဲ့ မုန့်သားဟာ ပေါင်မုန့်ကို ပွအားပိုကောင်းစေပြီး အနံ့အရသာကို ပိုရှိစေပါ တယ်။ Starter Dough, Sponge Dough လို့လည်း ခေါ် ကြပါတယ်။

Sour Dough အတွက် ပါဝင်ပစ္စည်းများ

Whole Meal ဂျုံ  – ၅၀ ဂရမ်

ရေ  –  ၅၀ ဂရမ်

Yeast (ပွဆေး)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Sour Dough ပြုလုပ်နည်း

ပါဝင်ပစ္စည်းအားလုံး ရောမွှေပြီး အနည်းဆုံး ၅ နာရီကြာ (သို့) တစ်ည အပြင်မှာ (သို့) ရေခဲသေတ္တာထဲ ပလတ်စတစ်အုပ်ပြီး ထည့်သိမ်းထားပါ။

Whole Meal Bread အတွက် ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၂၅၀ ဂရမ်

Whole Meal ဂျုံ  –  ၁၅၀ ဂရမ်

Yeast (ပွဆေး)  –  ၁၀ ဂရမ်

ပျားရည်  –  ၂၀ ဂရမ်

ဟင်းသီးဟင်းရွက်ဆီ  –  ၃၀ ဂရမ်

ဆား  –  ၁၀ ဂရမ်

ရေ  –  ၂၂၀ ဂရမ်

Bread Improver  –  ၅ ဂရမ်

ပြုလုပ်နည်း

၁။       ဆားမှလွဲ၍ ကျန်ပါဝင်ပစ္စည်းအားလုံးနှင့် အချဉ်ဖောက် မုန့်သား (Sour Dough) ပါ  အတူရော၍ စက်ကို Slow Speed ထားပြီး မွှေပါ။ ၁ မိနစ်ခန့်ကြာလျှင် ဆားထည့်ပြီး Medium Speed ဖြင့် ၅ မိနစ်ခန့် မွှေပါ။ မုန့်သားနယ်လို့ တော်မတော်၊ စစ်ဆေးကြည့်ပါ။ ဂျုံသား အနည်းငယ်ယူ၍ လက်နှင့်ဖြည်းဖြည်းချင်း ဖိဆွဲပြီး ပါး၍ ကျယ်လာအောင် ဆွဲကြည့်ပါ။ ပလတ်စတစ်လိုပါး၍ ကျယ်လာပြီး မပြတ်ထွက်၊ မပြဲထွက်လျှင် မုန့်သားနယ်တာ ရပ်လို့ရပါပြီ။ ပြတ်ထွက်၊ ပြဲထွက်လျှင် အနည်းငယ် ထပ်မံနယ်ပါ။

၂။       နယ်ဖို့အဆင်သင့်ဖြစ်သော ဂျုံသားကို လုံးထားကာ ပလတ်စတစ် (သို့) အဝတ်ဖြင့် ဂျုံသားမျက်နှာပြင် အရေခွံမခြောက်အောင် အုပ်ထားပြီး မိနစ် ၂၀ ခန့် အပွခံ၍ အနားပေးထားပါ။

၃။       မူလထက် တစ်ဆနီးပါး ပွလာသော ဂျုံသားကို လက်ဖြင့် ရိုက်ပြားကာ လေထုတ်၍ ပြန်လုံးပြီး ဒုတိယအကြိမ်အပွခံ၍ ၁၀ မိနစ်ခန့် အနားပေးပါ။ ပြီးလျှင် ဂျုံသားကို သုံးပိုင်း ပိုင်းကာ တစ်ပိုင်းကို ၂၆၀ ဂရမ်ချိန်၍ လုံးပြီး အပွခံပါ။ မိနစ် ၂၀ ခန့် အပွခံ၍ ပေါင်မုန့်ကို ရေဖျန်းပြီး အပေါ်မှ ဂျုံကို ဆန်ခါဖြင့် ဖြူးပါ။ ဓားဖြင့်မွှန်း၍ ခွဲပါ။ ပြီးလျှင် ဖြန့်၍ အပွခံပါ။

*        ဓားဖြင့်မွှန်းပြီး လိုအပ်တဲ့ ဒီဇိုင်းခွဲရခြင်းအကြောင်းမှာ ခွဲလိုက်သည့် နေရာမှ လေဝင်၍ မုန့်သားများ ပိုကြွပ်ပြီး အရသာရှိပါတယ်။

၎။       မိနစ် ၂၀ ခန့် ထပ်မံအပွခံ (သို့) နဂိုမုန့်သားထက် တစ်ဆနီးပါး ပွလာလျှင် မီးအပူချိန် အပေါ်အောက် 220˚C  နှင့် ၂၅ မိနစ်ခန့် ဖုတ်ပါ။ ပို၍ မုန့်သားအရေခွံ မာပြီး ကြွပ်စေချင်လျှင် မီးအပူချိန် အပေါ်အောက် 200˚C ချ၍ ၁၀ မိနစ်ခန့် ထပ်မံဖုတ်ပါ။ ၁၀ မိနစ်ခန့် အအေးခံပြီး ပူနေတဲ့အချိန်မှာ ထောပတ်၊ Cheese, အသီးအရွက်၊ အသား၊ ငါးတို့နှင့် မိမိကြိုက်နှစ်သက်သလို အရသာရှိရှိ ကျန်းမာရေးနဲ့ ညီညွတ်စွာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments