Vegetables Spring Roll (သီးရွက်စုံကော်ပြန့်)

by Win Zaw @ Mario Win Zaw for Food Magazine

          ဒီကော်ပြန့်ကို လုပ်ပြချင်တာက ကော်ပြန့်ရွက်တွေက City Mart မှာ ဝယ်လို့လွယ်ပြီး အိမ်မှာ ဘာအခက်အခဲမှမရှိဘဲ လုပ်စားလို့ရတဲ့အတွက်ကြောင့်ပါ။ ဟိုတုန်းကဆိုရင် သံဈေးမှာ သွားဝယ်ပြီး လုပ်ရတယ်။ အခုပေါ်လာတာတွေက ပိုပြီးလည်း ကောင်းတာပေါ့။ ကဲ . . . လုပ်ကြည့်ရအောင် . . . ။

ပါဝင်ပစ္စည်းများ

ဂေါ်ဖီ  –  ၂၀ဝ ဂရမ်

မုန်လာဥနီ  –  ၅၀ ဂရမ်

ဗိုလ်စားပဲ  –  ၅၀ ဂရမ်

ကြွက်နားရွက်  –  အနည်းငယ်

တရုတ်နံနံ  –  ၁ ပင်

ကြက်သွန်မြိတ်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်နီကြော်  –  လက်တစ်ဆုပ်

ကြက်သွန်ဖြူ  –  စားပွဲဇွန်း ၁ ဇွန်း

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

ခရုဆီ  –  စားပွဲဇွန်း ၁ ဇွန်း

သကြား  –  စားပွဲဇွန်း ၁ ဇွန်း

ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်း

၁။       အိုးတစ်အိုးထဲ ဆီကို အပူပေးပြီး ကြက်သွန်ဖြူ ဆီသတ်၍ ပါဝင်ပစ္စည်းများထည့်ကာ ကြော်ပါ။ ပြီးလျှင် ဗန်းတစ်ချပ်ဖြင့် အအေးခံထားပါ။

၂။       အေးသွားပါက ကြက်သွန်မြိတ်နှင့် ကြက်သွန်ကြော်တို့ကို အပေါ်မှဖြူးပြီး ကော်ပြန့်ရွက်ဖြင့် လိပ်ပါ။ ပြီးလျှင် မိမိစိတ်ကြိုက် လိုသလောက်ကြော်စားပါ။ မကုန်လျှင် ရေခဲသေတ္တာထဲ ထည့်သိမ်းထား လို့လည်း ရပါတယ်။ အချဉ်ရည်ကတော့ ငရုတ်ချို (ကြက်ဖဆော့စ်) နှင့် ပိုပြီးလိုက်ဖက်ပါတယ်။

Facebook Comments