Vegetables Pizza (သီးရွက်စုံပီဇာ)

By Win Zaw @ Mario Win Zaw For Food Magazine

          ဒီပီဇာလေးကတော့ အသားတွေမပါဘဲ အသီးအရွက်အစုံနှင့်လုပ်တဲ့ ပီဇာပါ။ အဲဒီထဲမှာ အသီးအရွက်ကို မိမိကြိုက်တာထည့်လို့ ရပါတယ်။ ၂ မျိုးလောက်ဆို ရပါပြီ။ ကဲ… အခုလုပ်မယ့် ပီဇာထဲမှာလည်း ကျွန်တော့်အကြိုက်ထည့်ထားတာပါ။ ပီဇာဆော့စ်ကတော့ လုပ်ပြပြီးသားဖြစ်နေလို့ မလုပ်ပြတော့ဘူးနော်။

ပါဝင်ပစ္စည်းများ

Pizza Dough (ပီဇာဂျုံသား) –  ၁ ချပ်

Pizza Sauce (ပီဇာဆော့စ်) –  ၅ဝ ဂရမ်

Mozzarella Cheese (မိုဇရဲလားချိစ်) –  ၁ဝဝ ဂရမ်

Cauliflower (ပန်းဂေါ်ဖီ) –  ၇ဝ ဂရမ်

Onion Ring (ကြက်သွန်နီ) –  ၇ဝ ဂရမ်

Olive (သံလွင်ဆီ) –  ၇ဝ ဂရမ်

Mushroom (မှို) –  ၇ဝ ဂရမ်

Carrot (မုန်လာဥနီ) –  ၇ဝ ဂရမ်

Baby Bean (ပြောင်းဖူးသေး) –  ၇ဝ ဂရမ်

French Bean (ဗိုလ်စားပဲ) –  ၇ဝ ဂရမ်

Oregano Dry (အော်ရီဂနို) –  1 pinch

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပထမဆုံး ပီဇာဂျုံသားပေါ်မှာ ပီဇာဆော့စ် ခပ်ပါးပါး နေရာနှံ့အောင် ထည့်ပေးပါ။

၂။       ထည့်ဖို့ ပြင်ဆင်လှီးဖြတ်ထားတဲ့ အသီးအရွက်တွေကို ကြက်သွန်ဖြူဆီသတ်ပြီး ဆော့စ်တေးထိုးပေးပါ။ ပြီးလျှင် ပီဇာပေါ်တင်ပါ။

၃။       အပေါ်မှ မိုဇရဲလားချိစ် ဖြူးထည့်ပြီး ၂ဝဝံC အပူပေးထားသော Oven ထဲမှာ ရွှေအိုရောင်ရအောင် ထည့်ဖုတ်ပါ။ ရပြီဆိုလျှင် အပေါ်မှ အော်ရီဂနိုဖြူးပြီး တည်ခင်းဧည့်ခံလို့ရပါပြီ။

Win Zaw @ Mario Win Zaw

Vol 6, No 10, October, 2017 Issue လထုတ် Food Magazine

Facebook Comments