Sweet Potato Pie

by Hsu Myat Oo for Food Magazine

          ကန်စွန်းဥနဲ့ ပိုင်လုပ်ထားတာကြောင့် ချိုဆိမ့်ဆိမ့်အရသာလေးနဲ့ အရသာရှိလှပါတယ်။ ကန်စွန်းဥမှာ ကိုယ်အလေးချိန်ကို ကျစေတာအပြင် တခြားကျန်းမာရေးကောင်းကျိုးတွေ အများကြီးကို ရစေတာကြောင့် စားသုံးသင့်တဲ့ အစားအစာတစ်ခုလည်း ဖြစ်ပါတယ်။ ကန်စွန်းဥက အမျှင်ဓာတ်ကို ကောင်းစွာ ပေးနိုင်တဲ့ အစားအစာတစ်မျိုးလည်း ဖြစ်ပါတယ်။

ပိုင်အောက်ခံပြုလုပ်ရန် ပါဝင်ပစ္စည်းများ

ကိတ်ဂျုံ  –  ၁၂၅ ဂရမ်

Shortening  –  ၅၀ ဂရမ်

ရေခဲရေ  –  ၈၃ ဂရမ်

ကြက်ဥ  –  ၁ လုံး

ဆား  –  ၂ ဂရမ်

ပိုင်အောက်ခံ ပြုလုပ်နည်းအဆင့်ဆင့်

၁။       ရေခဲရေ၊ ကြက်ဥ၊ ဆားတို့ကို သမအောင် ရောနယ်ပါ။

၂။       ကိတ်ဂျုံ၊ Shortening တို့ကို ရောနယ်ပါ။ အပြားဖြစ်အောင် တလိမ့်တုံးနဲ့ လှိမ့်ပေးပါ။

၃။       ထည့်ဖုတ်မယ့်ခွက်ထဲမှာ ပိုင်အောက်ခံသားကို ဖြည့်ပြီး ခက်ရင်း (သို့) ဓားနဲ့ နည်းနည်းထိုးပေးပါ။ ဖုတ်လျှင် ပိုင်အောက်ခံသား ကြွတက်မလာစေဖို့ပါ။ အပူချိန် အပေါ်မီး 180˚C၊ အောက်မီး 180˚C  နှင့် ၁၀ မိနစ်ခန့် ဖုတ်ပေးပါ။

Pie Filling အတွက် ပါဝင်ပစ္စည်းများ

နွားနို့  –  ၃၀ဝ ဂရမ်

သကြား  –  ၁၀ဝ ဂရမ်

ကြက်ဥ  –  ၅ လုံး

ကန်စွန်းဥ  –  ၂၀ဝ ဂရမ်

ကော်မှုန့်  –  ၁၀ ဂရမ်

ထောပတ်  –  ၂၅ ဂရမ်

ဆား  –  အနည်းငယ်

Pie Filling ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကန်စွန်းဥကိုပြုတ်ပြီး အခွံနွှာထားပါ။ ထောပတ်က အရည်မဟုတ်ဘူးဆိုလျှင် အရည်ပျော်အောင် အပူနှစ်ထပ်စနစ်ဖြင့် အပူပေးပါ။

၂။       ကန်စွန်းဥ သတ်သတ်ဖယ်ထားပြီး ထောပတ်နှင့် ကျန်ပါဝင်ပစ္စည်းအားလုံးကို သစ်သီးဖျော်စက်ထဲမှာ ထည့်ကြိတ်ပါ။

၃။       ခုနက ဖုတ်ထားတဲ့ ပိုင်အောက်ခံသားပေါ်ကို လောင်းပေးပြီး ကန်စွန်းဥလေးတွေကို လှီးပြိး အစီအရီတင်ပေးပါ။ အပူချိန်အပေါ် မီး 180˚C၊ အောက်မီး 180˚C ဖြင့်   မိနစ် ၃၀ ခန့် ဖုတ်ပေးပါ။ ပိုင်မုန့်ကို ဖိကြည့်လိုက်လို့  အိကျသွားတယ်၊ အရည်ထွက်သေးတယ်ဆိုလျှင် မိနစ်အနည်းငယ် ထပ်၍ဖုတ်ပါ။

Facebook Comments