Sweet Corn Soup (ပြောင်းဖူးဟင်းချို)

by Ko Win Zaw for Food Magazine

          ပြောင်းဖူးဟင်းချိုကတော့ စားသောက်ဆိုင်တွေမှာ လွယ်လွယ်ကူကူ တွေ့နိုင်သလို မိမိအိမ်မှာလည်း လုပ်ရတာလွယ်ကူပါတယ်။ စားရတာကလည်း ချိုချိုဆိမ့်ဆိမ့်လေးဆိုတော့ ခံတွင်းတွေ့တာပေါ့။ မိန်းကလေးတွေနဲ့ သက်ကြီးပိုင်းတွေ ပိုပြီးကြိုက်တာ တွေ့ရပါတယ်။ ဒါကြောင့် စားဖိုမှူးတွေကြားမှာ “မိန်းကလေး စိတ်ကောက်တော့ ပြောင်းဖူးစွပ်နဲ့ချော့” ဆိုတာ ပေါ်လာတာပေါ့။

ပါဝင်ပစ္စည်းများ

ပြောင်းဖူးပြုတ်  –  ၁၀ဝ ဂရမ်

ကြက်ရိုးပြုတ်ရည်  –  ၁ ခွက်

ပြောင်းဖူးမှုန့်  –  အနည်းငယ်

ခရင်မ်  –  စားပွဲဇွန်း ၂ ဇွန်း

ဆား၊ ငရုတ်ကောင်း  –  သင့်တော်ရုံ

ကြက်သွန်မြိတ်  –  စားပွဲဇွန်း ၁ ဇွန်း

မုန်လာဥနီ  –  အနည်းငယ်

ကြက်ဥအကာ  –  ၁ လုံး

သကြား  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       လှီးထားသော ပြောင်းဖူးပြုတ်နှင့် မုန်လာဥနီကို အရိုးပြုတ်ရည်ဖြင့် ဆူအောင် အပူပေးပါ။

၂။       အရသာအားလုံးထည့်ပြီး မြည်းပါ။ ကြိုက်သွားပြီဆိုလျှင် ပြောင်းဖူးမှုန့်ကို ရေနှင့်ဖျော်ပြီး ကော်ရည် ခပ်ပါးပါး ဆွဲပါ။ နောက်ဆုံးမှ ကြက်ဥအကာထည့်ပြီး မွှေပါ။ စားတော့မည်ဆိုပါက အပေါ်မှ ကြက်သွန်မြိတ်နှင့် ငရုတ်ကောင်းမှုန့်လေးဖြူးပြီး စားပါ။

Facebook Comments