Sweet and Sweer Mango BBQ Pork

အချိုနှစ်ထပ် သရက်သီးဘာဘီကျု ဝက်သားချက်ဆိုတဲ့ အတိုင်း ချိုပြီး မွှေးပါတယ်။ထမင်းမြိန်စေမယ့် ဟင်းလျာပါ။ ရာသီစာ စိန်တလုံးသရက်သီးနဲ့ လိုက်ဖက်ပါတယ်။ ချိုချဉ်အရသာ လိုချင် ရင်တော့ သရက်သီးအစား နာနတ်သီး သုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သား –  ၃၀ဝ ဂရမ်

(၄ ထောင့် အတုံးသေးလေးများ တုံးပါ)

စိန်တလုံးသရက်သီး –  ၂ လုံး

(၄ ထောင့်အတုံးသေးလေးများ တုံးပါ)

ငရုတ်ကောင်း အမည်းမှုန့် –  စားပွဲဇွန်း ၂ ဇွန်း

ငရုတ်ပွအစိမ်း –  ၃၀ ဂရမ်

ကြက်သွန်နီလေးစပ်ထိုး –  ၃၀ ဂရမ်

ကြက်သွန်ဖြူ –  ၃ မြွှာ (ဓားပြားရိုက်)

BBQ Sauce  –  ၁၂၀ ဂရမ်

ပဲငံပြာရည်အကြည် –  စားပွဲဇွန်း ၁ ဇွန်း

ဆား –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နေကြာဆီ  –  အနည်းငယ်

ရေ –  ၁၀ဝ မီလီလီတာ

ထမင်းဖြူ (တွဲဖက်သုံးဆောင်ရန်)

ပြုလုပ်နည်း

၁။       ဝက်သားကို ငရုတ်ကောင်းအမည်းမှုန့်နှင့် ဆားတို့ဖြင့် အရသာသွင်းပါ။ ဒယ်အိုးတစ်လုံးထဲ ဆီထည့်ပြီး ဆီပူလာ လျှင် အရသာနှပ်ထားတဲ့ ဝက်သားထည့်ပါ။ မီးအနေတော် ဖြင့် ဝက်သားအညိုရောင်ပြောင်းလာတဲ့အထိ ချက်ပါ။ ဝက်သားကို ဖယ်ထားပါ။ လက်ကျန်ဆီဖြင့် ကြက်သွန်ဖြူ/နီ၊ ငရုတ်ပွစိမ်းတို့ထည့်ပြီး အနံ့မွှေးလာတဲ့အထိ တည်ပါ။ ထို့နောက် ဝက်သားထည့်ပါ။ ရေထည့်ပြီး ဝက်သားနူးအောင် တည်ပါ။ ၁၀ မိနစ်ခန့် ဝက်သားနူးပြီဆိုလျှင် ပျားရည်ဘာဘီ ကျုဆော့စ်နှင့် ပဲငံပြာရည်အကြည်ကို ထည့်ပြီး သမအောင် မွှေပါ။ သရက်သီးထည့်ပြီး ထမင်းဖြူနှင့် တွဲဖက်သုံးဆောင် နိုင်ပါပြီ။

Facebook Comments