Stir Fried Beef Broccoli (ပန်းပွင့်စိမ်းနှင့် အမဲသားလွှာ)

 by Win Zaw @ Mario Win Zaw for Food Magazine

          ဒီတရုတ်အစားအစာလေးကတော့ ကျွန်တော့်ရဲ့ဆရာ တရုတ်စားဖိုမှူးကြီးကို သတိရလို့ တင်ပြပါရစေ။ အာဟာရကလည်း ရှိသလို စားချင်စဖွယ် ဆွဲဆောင်မှုက တစ်မျိုးဆိုတော့ စားသောက်သူတွေကလည်း များတာပေါ့။ ကဲ… ပါဝင်ပစ္စည်းတွေ စုလိုက်ကြရအောင်…။

ပါဝင်ပစ္စည်းများ

အမဲသားလွှာ  –  ၁၅၀ ဂရမ်

ပန်းပွင့်စိမ်း  –  ၁ ပွင့်

ချင်းအမျှင်  –  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ၁ လုံး (၄ စိတ်ခွဲပြီး နွှာပါ)

မုန်လာဥနီ  –  ၅ လွှာ

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

ခရုဆီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

တရုတ်အရက်  –  ထမင်းစားဇွန်း ၁ ဇွန်း

ပြောင်းဖူးမှုန့်  –  အနည်းငယ်

အရိုးပြုတ်ရည်  –  လိုသလောက်

ကြက်သွန်ဖြူ  –  အနည်းငယ်

ပြုလုပ်နည်း

၁။       အမဲသားလွှာလေးများကို အရသာနယ်ပြီး ပြောင်းဖူးမှုန့် အနည်းငယ်ကပ်၍ ကြော်ပြီး ဆီစစ်ထားပါ။

၂။       အိုးကို အပူပေးပြီး ချင်း၊ ကြက်သွန်ဖြူ/နီတို့နှင့် ဆီသတ်ပါ။ ပါဝင်ပစ္စည်းများ အားလုံးထည့်ပြီး အရသာမြည်းပါ။ အရသာကောင်းပြီဆိုလျှင် ကော်ရည်ပါးပါးလေး ဆွဲလိုက်လျှင် ရပါပြီ။ ပြီးလျှင် ပန်းကန်ထဲ မိမိစိတ်ကြိုက်ထည့်ပြီး သုံးဆောင်ပါ။

Facebook Comments