Steamed Cupcake

by Hsu Myat Oo for Food Magazine

          ဒီ Cupcake လေးတွေကတော့ Oven မရှိတဲ့သူတွေအတွက် မုန့်လုပ်စားချင်ရင်၊ ကိတ်မုန့်လေးတွေ စားချင်တဲ့သူတွေအတွက် အဆင်ပြေမှာပါ။ ဒီကိတ်လေးတွေကို ရေနွေးငွေ့နဲ့ မပေါင်းချင်ဘူးဆို Oven ထဲမှာ ထည့်ပြီး ဖုတ်ပါ။ အဲဒီလိုဆိုရင် ဆိုင်မှာ စားနေတဲ့ ကိတ်လေးတွေလို ဖြစ်သွားမှာပါ။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၂ လုံး

သကြား  –  ၈၀ ဂရမ်

SP  –  ၈ ဂရမ်

ကိတ်ဂျုံ  –  ၁၁၀ ဂရမ်

ကော်မှုန့်  –  ၁၂ ဂရမ်

မုန့်ဖုတ်ပေါင်ဒါ  –  ၄ ဂရမ်

ဆီ  –  ၆၀ ဂရမ်

ရေ  –  ၄၀ ဂရမ်

နွားနို့  –  ၄၀ ဂရမ်

ဆား  –  အနည်းငယ်

ဗနီလာအနံ့  –  အနည်းငယ်

ပြောင်းဖူး  –  ၁/၂ ဖူး (ခြွေထားပါ)

Chadder Cheese  –  ၃၀ ဂရမ် (ခြစ်ထားပါ)

ကိုကိုးပေါင်ဒါ  –  စားပွဲဇွန်း ၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥ၊ သကြားနှင့် SP တို့ကို စက်ထဲထည့်ပြီး သမအောင်ရောမွှေပါ။ ကိတ်ဂျုံ၊ ကော်မှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ကိုထည့်ပြီး လက်ဖြင့် သမအောင်မွှေပါ။

၂။       မုန့်နှစ်ကို တစ်ဝက်စီဖယ်ပြီး တစ်ဝက်ထဲကို ဆီ၊ ရေ၊ နွားနို့၊ ဆားနှင့် ဗနီလာတို့ကို ထည့်ပြီး အားလုံးရောသွားအောင် သေချာလေးမွှေပါ။ ကျန်တဲ့မုန့်နှစ်ကို ထည့်ပြီး ဖြည်းဖြည်းလေး ရောမွှေပါ။

၃။       ရလာတဲ့မုန့်နှစ်ကို တစ်ဝက်စီခွဲပါ။ တစ်ဝက်ကို ပြောင်းဖူးနှင့် ချိစ်ထည့်ပြီး ရောထားပါ။ တစ်ဝက်ကို ကိုကိုးမှုန့်ထည့်ပြီး ရောပါ။ ကြွေခွက် (သို့) Cupcake ထည့်လို့ရတဲ့ ခွက်လေးထဲမှာ စက်္ကူမိုလ်ခွက်လေးတွေ ထည့်ပါ။ မုန့်နှစ်တွေကို Cupcake ခွက်လေးထဲထည့်ပြီး ပေါင်းမည့်အိုးထဲထည့်ကာ ၁၅ မိနစ်- မိနစ်၂၀ ခန့် ပေါင်းပေးပါ။

၎။       တုတ်နဲ့ ထိုးကြည့်လို့၊ အပေါ်ကနေ လက်နဲ့ အသာလေးဖိလိုက်လို့ အိကျမသွားတော့ဘူး၊ အရည်မကျန်တော့ဘူးဆိုလျှင် ရပါပြီ။ ချိစ်ပါတဲ့ မုန့်လေးတွေကတော့ အရည်ထွက်ဦးမှာပါ။ ကျက်လို့ အပြင်ထုတ်ပြီး အအေးခံလိုက်လျှင် ပြန်ခဲသွားမှာပါ။

Facebook Comments