Spinach Fettuccine ခေါက်ဆွဲကြော်

Spinach Fettuccine ခေါက်ဆွဲကြော်

          ဒီနည်းလေးကတော့ Fusion ပါ။ အာရှတရုတ်ခေါက်ဆွဲကြော်ပုံစံကို ဟင်းသီးဟင်းရွက် စပါကတီခေါက်ဆွဲတစ်မျိုှး Stir-Fly ပုံစံလျင်လျင်မြန်မြန် ချက်စားနိုင်မယ့် ဟင်းတစ်မျိုးပါ။ တစ်အိုးတည်းမှာ အကုန်ပေါင်းစပ်ထားတာမို့ အရသာစုံလင်ပြီး တစ်မူထူးခြားတဲ့ ညစာကို ခံစားကြည့်ကြရအောင်။

►   ပါဝင်ပစ္စည်းများ

♦   Spinach Fettuccine   –   ၁၅၀ ဂရမ်

♦   ကြက်သား   –   ၁၀ဝ ဂရမ် (ပါးပါးလှီး)

♦   မှို   –   ၅၀ ဂရမ်

♦   မုန်လာဥနီ   –   ၅၀ ဂရမ်

♦   ထိုင်ဝမ်မုန်ညင်း   –   ၂ စည်း

♦   ပန်းပွင့်စိမ်း   –   ၅၀ ဂရမ်

♦   တို့ဟူး   –   ၁၀ဝ ဂရမ်

♦   ပဲငံပြာရည် (အကြည်)   –   လက်ဖက်ရည်ဇွန်း ၂ ဇွန်း

♦   ခရုဆီ   –   လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ပဲငံပြာရည် (အနောက်)   –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

♦   ကြက်ပြုတ်ရည်   –   ၅၀ မီလီ

►  ပြုလုပ်နည်းအဆင့်ဆင့်

၁။      Spinach Fettuccine ကို ရေ ၂ လီတာတွင် ထည့်ပြီး ဆားနှင့် သံလွင်ဆီအနည်းငယ်ထည့်ကာ ၁၂ မိနစ်ခန့် ပြုတ်ပေးပါ။

          (ခေါက်ဆွဲကြော်မှာဖြစ်လို့ အရမ်းကြီး ပျော့ပျောင်းသွားအောင် ပြုတ်စရာမလိုပါ)

၂။      ကြက်သွန်ဖြူဆီသတ်ပြီး ကြက်သားများကို ကျက်သည်အထိ (၈ မိနစ်ခန့်) ကြော်ပါ။

၃။      ကြက်သားကျက်ပြီဆိုလျှင် ဥနီကို အရင်ဆုံးထည့်ပေးပါ။ မုန်လာဥနီ ညှိုးသွားပြီဆိုလျှင် ပန်းပွင့်စိမ်း၊ ထိုင်ဝမ် မုန်ညင်း၊ တို့ဟူး၊ မှိုတို့ကို အစဉ်အတိုင်းထည့်ပြီး ပဲငံပြာရည် အကြည်/အနောက်၊ ခရုဆီတို့ဖြင့် အရသာသွင်းပြီး အပေါ့၊ အငန်ထည့်ကာ ပြုတ်ထားသည့် ခေါက်ဆွဲကို မီးပြင်းပြင်းဖြင့် ၃ မိနစ်ခန့် မွှေကြော်ပေးပါ။

၎။      မွှေကြော်နေစဉ် ကြက်ပြုတ်ရည်ထည့်ပြီး (၅)မိနစ်ခန့် ထပ်မံမွှေကာ အပေါ့၊ အငန်မြည်း၍ အဆုံးသတ်နိုင်ပါသည်။

၅။      ယင်းခေါက်ဆွဲကြော်အား မြန်မာတို့နှင့် ရင်းနှီးပြီးသား အရသာကို အမျှင်ထက် ပိုမိုပြည့်ဝသည့် ဟင်းသီးဟင်းရွက်အခြေခံ အနောက်တိုင်းခေါက်ဆွဲတစ်မျိုးနှင့် ရောစပ်ဖန်တီးထားသော လွယ်ကူလျင်မြန်ပြီး ပြီးပြည့်စုံသည့် ညစာတစ်ခွက်ကို ဖန်တီးလိုက်နိုင်ပါပြီ။

♦   Davy   ♦

Facebook Comments