Spice in Rice

အိန္ဒိယဟင်းခတ်အမွှေးအကြိုင်တစ်ခုဖြစ်တဲ့ ဖာလာစေ့က ဟင်းလျာတွေရဲ့ အရသာကို ပိုမိုပြည့်စုံစေပါတယ်။ ထမင်း၊ ဟင်းလျာတွေအပြင် လက်ဖက်ရည်ဖျော်တဲ့အခါမှာ

လည်း သုံးပါတယ်။ အခုချက်ပြတဲ့ ဟင်းခတ်အမွှေးအကြိုင်ထမင်းကို လတ်လတ်ဆတ်ဆတ် ဖာလာစေ့နဲ့ လတ်လတ်ဆတ်ဆတ် ငရုတ်ကောင်းစေ့တို့ကို သုံးရင်ပိုကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

ဘာစမာတီဆန် (သို့) –  ၃၈၀ ဂရမ်

ပေါ်ဆန်းမွှေးဆန်

လတ်လတ်ဆတ်ဆတ်ဖာလာစေ့ –  ၁၀ စေ့

ငရုတ်ကောင်းစေ့ –  ၁၀ စေ့

ကရဝေးရွက် –  ၃ ရွက်

ဆီ –  စားပွဲဇွန်း ၃ ဇွန်း

ထောပတ် –  ၁၀ ဂရမ်

ပြုလုပ်နည်း

၁။       ဆန်ကို ရေဆေးသန့်စင်ပြီး ရေစစ်ထားပါ။

၂။       မီးအနေတော်ဖြင့် ဒယ်အိုးတစ်လုံးထဲ ဆီထည့်ပြီး တည်ပါ။ ဆီပူလာလျှင် ကရဝေးရွက်၊ ဖာလာစေ့၊ ငရုတ်ကောင်းစေ့တို့ကို ထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာလျှင် ရေစစ်ထားတဲ့ ဆန်နှင့် ဆားထည့်ပါ။ အနံ့အရသာများ နှံ့သွားအောင် ၁ မိနစ်ခန့် ဆီသတ်ပါ။ ပြီးလျှင် ထမင်း ပေါင်းအိုးထဲ ထည့်ပြီး ပုံမှန်ချက်နေကျအတိုင်း ရေထည့်ချက်ပါ။ ကျက်လျှင် ထောပတ် ထည့်ပြီး အပေါ်အောက် နှံ့အောင်နယ်ပါ။ ၅ မိနစ်ခန့် ထပ်မံ၍ ချက်ပြီးလျှင် အနံ့အရသာရှိတဲ့ ပူပူနွေးနွေး ဟင်းခတ်အမွှေးအကြိုင် ထမင်းကို မဆလာကြက်သားကြော်၊ သီးစုံသနပ် အစရှိသည်တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

Facebook Comments