Sparkling Espresso (Fresh Drink)

by Han Min Thu for Food Magazine

          ဒီနှစ်နွေရာသီရဲ့ အပူဒဏ်က အရင်နှစ်တွေထက် ပိုပါ တယ်။ တစ်နေကုန် လုပ်ငန်းခွင်ထဲမှာ ပင်ပန်းသမျှကို Sparkling Espresso (Fresh Drink) လေးတစ်ခွက် သုံးဆောင်လိုက်ခြင်းဖြင့် ကုန်ဆုံးသွားတဲ့ အင်အားများကို ပြန်လည်ရရှိစေပြီး တစ်နေကုန် တက်ကြွစွာနဲ့ လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာပါ။ Espresso Double Shot နဲ့ J. Gasso Spakling တို့ရဲ့ Honey နဲ့ ပေါင်းစပ်မှုလေးကို ခံစားကြည့်လိုက်ပါ။

ပါဝင်ပစ္စည်းများ

Ristretto Double Shot  –  30 ml

J. Gasso Sparkling – 120 ml

Honey  –  15 ml

Lime Wedges  –  2 wedges

Fresh Lime liquid  –  200 g

Ice  –  400 ml Cup

Cup

ဖျော်စပ်နည်း

          ဦးစွာ Espresso Machine မှ Ristretto Double shot ကို ချပေးပါ။ Honey ကို Ristretto ထဲ ထည့်ပြီး မွှေပေးပါ။ ထို့နောက် 400 ml ဆံ့တဲ့ခွက်ထဲ Ice-200 g, Sparkling, Lime Liquid, Lime Wedges တို့ကို ထည့်ပေးပါ။ ထို့နောက် စောစောက Honey နဲ့ ရောစပ်ထားတဲ့ Ristretto ကို လောင်းထည့်ပြီး အရသာရှိတဲ့ Sparkling Espresso (Fresh Drink) ကို သုံးဆောင်နိုင်ပါပြီ။

Facebook Comments