Slow Cooker Beef Curry

for Food Magazine

ပါဝင်ပစ္စည်းများ

အမဲသား  –  ၄၅၀ ဂရမ်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၄ မြွှာ

ငရုတ်သီး  –  ၂ တောင့်

ချင်း  –  လက်တစ်ဆစ်

ဇီရာ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နံနံရွက်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

နနွင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Tomatoes Paste  –  ၄၀ဝ ဂရမ်

မဆလာ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်သားမှုန့်  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ရေ  –  ၁၀ဝ ဂရမ်

နံနံပင်  –  ၁ စည်း

နေကြာဆီ  –  စားပွဲဇွန်း ၅ ဇွန်း

ပြုလုပ်နည်း

၁။       အမဲသားကို ဆီအနည်းငယ်နဲ့ အညိုရောင်သန်းလာတဲ့အထိ ကြော်ပြီး ဖယ်ထားပါ။ ချင်း၊ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို နုပ်နုပ်စဉ်းပါ။ အိုးထဲ ဆီအနည်းငယ် ထပ်ထည့်ပါ။ ကြက်သွန်နီကို ထည့်ပြီး အနည်းငယ်ကြာလျှင် ကြက်သွန်ဖြူနှင့် ချင်းတို့ကို ထည့်ပြီး ၂ မိနစ်ခန့် ဆီသတ်ပါ။ ငရုတ်သီးပါးပါးလေးလှီးပြီး ထည့်ပါ။

၂။       ဇီရာ၊ နံနံရွက်အမှုန့်၊ နနွင်းမှုန့်၊ ဆားနှင့် ကြက်သားမှုန့်တို့ကို ထပ်ထည့်ပြီး နောက်ထပ် မိနစ် အနည်းငယ်လောက် ထပ်၍ဆီသတ်ပါ။ အမဲသား၊ ဆီသတ်ထားတာတွေ၊ ခရမ်းချဉ်သီးအနှစ်တို့ကို ထည့်ပါ။ ခရမ်းချဉ်သီးအနှစ်ဘူးကို ရေထည့်ကျင်းပြီး ထပ်ထည့်ပါ။ Slow Cooker ထဲ ထည့်ပြီး ၈ နာရီခန့် ချက်ပါ။

၃။       အားလုံးကျက်သွားပြီဆိုလျှင် ဟင်းပွဲမပြင်ခင် မဆလာခတ်ပါ။ နောက်ထပ် ငရုတ်သီးအနည်းငယ် ထပ်ထည့်ပြီး မိနစ် ၃၀ ခန့် ထပ်ချက်ပါ။ အပေါ်မှာ နံနံပင်အုပ်ပြီး သုံးဆောင်နိုင်ပါပြီ။

          မီးဖိုမှာ ချက်မည်ဆိုလျှင် မီးအေးအေးနဲ့ ၂ နာရီ၊ ၃ နာရီခန့် ချက်ပေးပါ။

Facebook Comments