Shrimp Lo Mein

by Hsu Myat for Food Magazine

          Lo Mein ခေါက်ဆွဲဆိုတာကတော့ တရုတ်လက်လုပ်ခေါက်ဆွဲအမျိုးအစား တစ်မျိုးဖြစ်ပါတယ်။ Lo Mein ဆိုတာက ခေါက်ဆွဲမွှေကြော်လို့ အဓိပ္ပာယ်ရပါတယ်။ ဂျုံနှင့်ကြက်ဥတို့နဲ့ ပြုလုပ်ကြသလို မုန်လာဥနီနဲ့လည်း ပြုလုပ်ကြပါတယ်။ ကဲ… ကြော်စားကြည့်ကြရအောင်…

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၅ ကျပ်သား

မုန်ညင်း (Bok Choy)  –  ၁ စည်း

ငရုတ်ပွနီ  –  ၁ ခြမ်း

ခရုဆီ  –  စားပွဲဇွန်း၁ ဇွန်း

ပဲငံပြာရည်  –  စားပွဲဇွန်း၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

နှမ်းဆီ  –  အနည်းငယ်

ဆား၊ ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၂ မြွှာ (အကြီး)

မုန်လာဥနီ လက်လုပ်ခေါက်ဆွဲ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ခေါက်ဆွဲကို အညွှန်းပါအတိုင်း ပြုတ်ပြီး ရေစစ်ကာ ခေါက်ဆွဲသားတွေ ကပ်မနေအောင် ဆီနည်းနည်းနဲ့ နယ်ပြီး မွထားပေးပါ။ ပုစွန်ကို ရေစင်အောင်ဆေးပြီး အခွံနွှာထားပါ။ ကျောရိုးအလယ်ကို ဓားနဲ့ခွဲပြီး ချေးကြောင်းထုတ်ထားပါ။

၂။       ငရုတ်ပွနီကို ရေဆေးပြီး အမြှောင်းရှည်ရှည်လေးတွေ ဖြစ်အောင် လှီးထားပါ။ မုန်ညင်းစိမ်းကို ရေစင်အောင် ဆေးထားပါ။ နည်းနည်းကြီးနေတယ်ထင်ရင်တော့ တစ်ဝက်လောက် ဖြတ်ပေးပါ။

၃။       ခရုဆီ၊ ပဲငံပြာရည်၊ သကြား၊ နှမ်းဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်တို့ကိုရောပြီး ဆော့စ်စပ်ထားပါ။ မီးဖိုပေါ်မှာ ဒယ်အိုးကိုတင်ပြီး ဆီထည့်ကာ ဆီပူလာအောင်ထားပါ။ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီပူထဲထည့်ပါ။ ပုစွန်ထည့်ပါ။

၎။       ငရုတ်ပွနီ၊ မုန်ညင်းစိမ်းတို့ကိုထည့်ပြီး ခေါက်ဆွဲ၊ ဆော့စ်တို့ကို ထည့်ကြော်ပါ။ အရသာမြည်းပြီး ဒယ်အိုး ပေါ်မှချကာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments