Seasonal Salad

by Hsu Myat for Food Magazine

          Seasonal Salad ဆိုတာကတော့ ရာသီပေါ်အသီး အနှံတွေနဲ့ ပြုလုပ်ထားတာကို နာမည်ပေးထားတာ ဖြစ်ပါတယ်။ Batavia ဆိုတာကတော့  ဆလတ်ရွက်မျိုးနွယ်ထဲက တစ်မျိုးဖြစ်ပါတယ်။ Batavia ကိုတော့ များသောအားဖြင့် အသုပ်တွေမှာ အသုံးများတာ ဖြစ်ပါတယ်။ Seasonal Salad ဖြစ်တာကြောင့် မိမိတို့ကြိုက်နှစ်သက်တဲ့ အသီးအနှံတွေကို ထပ်ထည့်လို့ရပါတယ်။

ပါဝင်ပစ္စည်းများ

Batavia  –  ၁ ထုပ်

ကြက်သား  –  ၁၀ဝ ဂရမ်

ဝက်ပေါင်ခြောက်  –  ၄ ခု

ချယ်ရီခရမ်းချဉ်သီး  –  ၁၀ လုံး

သခွားသီး

မုန်လာဥနီ

ကြက်ဥပြုတ်  –  ၁ လုံး

ငုံးဥပြုတ်  –  ၄ လုံး

ချိစ်  –  ၂ ပြား

ပျားရည်  –  စားပွဲဇွန်း ၁ ဇွန်း

White Wine Vinegar  –  စားပွဲဇွန်း ၁ ဇွန်း

သံလွင်ဆီ  –  စားပွဲဇွန်း၃ဇွန်း

ဆား  –  အနည်းငယ်

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

Thyme  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပျားရည်၊ White Wine Vinegar, သံလွင်ဆီ၊ ဆား၊ ငရုတ်ကောင်းမှုန့်နှင့် Thyme တို့ကိုရောပြီး သမအောင် ကြက်ဥခေါက်တံဖြင့် ခေါက်ထားပါ။

၂။       ကြက်သားကို ဆား၊ ငရုတ်ကောင်းမှုန့်  အနည်းငယ်ဖြူးကာ ကင်ထားပြီး အချောင်းလေးတွေလှီးထားပါ။ ဝက်ပေါင် ခြောက်ကို ကြော်ထားပြီး အချောင်းလေးတွေ လှီးထားပါ။ ကြက်ဥပြုတ်နှင့် ငုံးဥပြုတ်ကိုလည်း အနေတော်လှီးထားပါ။

၃။       မုန်လာဥနီနှင့် သခွားသီးကို ရေဆေး၊ အခွံနွှာထားပြီး အချောင်းသေးသေးလေးတွေ လှီးထားပါ။ ချယ်ရီခရမ်းချဉ်သီးကို ထက်ခြမ်းခြမ်းထားပါ။ Batavia ကို အနေတော် အရွယ်လေးတွေ ဖြတ်ထားပါ။

၎။       ပါဝင်ပစ္စည်းအားလုံးကို ဇလုံတစ်ခုထဲမှာ ဖွဖွရောနယ်ပါ။ Seasonal Salad ကို တည်ခင်းပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments