Scone

by စောဆာမူလား for Food Magazine

Scone ကို အင်္ဂလန်နိုင်ငံကနေ စတင်ပြုလုပ်ခဲ့ပါတယ်။ Scone က အနည်းငယ် အချိုပါတယ်။ ဂျုံ၊ Oatmeal ဘေကင်ပေါင်ဒါ၊ ထောပတ်၊ နွားနို့တို့နဲ့ ပြုလုပ်ထားပါတယ်။ အခြားလိုအပ်ရင် စပျစ်သီးခြောက်၊ ချိစ်တွေ ထည့်လို့ ရပါတယ်။ အဓိက Jam, Whipping တို့နဲ့ တွဲစားပါတယ်။ Tea Time တွေမှာ အဓိကကျွေးပါတယ်။

ပါဝင်ပစ္စည်းများ

ကိတ်ဂျုံ –  ၁၅၀ ဂရမ်

နွားနို့ –  ၅၀ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

သကြား –  ၂၅ ဂရမ်

ဘေကင်ပေါင်ဒါ –  ၅ ဂရမ်

ထောပတ် –  ၃၅ ဂရမ်

ကြက်ဥ –  ၁ လုံး

စပျစ်သီးခြောက် –  ၂၅ ဂရမ်

ပြုလုပ်နည်း

၁။       ကိတ်ဂျုံနှင့် ဘေကင်ပေါင်ဒါကို ဆန်ခါချပြီး စပျစ်သီးခြောက်၊ ထောပတ်တို့နှင့် အားလုံးနှံ့အောင် ရောမွှေပါ။

၂။       ကြက်ဥ၊ သကြားနှင့် ဆားကို ရောမွှေပြီး နွားနို့ပါ ထည့်မွှေပါ။ သကြားပျော်အောင်မွှေပြီး အမှတ်စဉ် (၁) နှင့် ရောမွှေပါ။ ၁ မိနစ်အတွင်း လက်နှင့်မွှေပြီး လုံးသွားလျှင် ရပါပြီ။ မုန့်သားပျော့လျှင် မုန့်သားကို ပြား၍ ရေခဲသေတ္တာထဲမှာ အချိန်အနည်းငယ်ထည့်သိမ်းပြီး ဖြတ်လို့ ကောင်းတဲ့ အနေအထားမျိုးဖြစ်လျှင် ပြန်ဆွဲထုတ်၍ ၁  ၁/၂ လက်မခန့် အထူလိပ်ပြီး Cutter diameter ၅ စင်တီမီတာအတိုင်းနှင့် ဖြတ်ပါ။

၃။       မုန့်ဖုတ်ဗန်းကို မကပ်အောင် ဆီသုတ်၍ှScone များကို စီထည့်ပြီး မီးအပူချိန် အပေါ်အောက် 180˚C တင်ထားပါ။ Scone အပေါ်မှာ ကြက်ဥ (သို့) နွားနို့နှင့် သုတ်ပြီး အဆင်သင့် မီးအပူချိန် 180˚C ရှိတဲ့ မီးဖိုထဲမှာ မိနစ် ၂၀ ခန့် ဖုတ်ပါ။ ပွပြီး အရောင်တက်လာလျှင် ရပါပြီ။

၎။       အအေးခံပြီး Topping Cream ၁၀ဝ ဂရမ်ကို ပျစ်ခဲလာသည်အထိ ရိုက်ပါ။ အေးလာတဲ့ Scone အလယ်ကို နှစ်ပိုင်းဖြတ်ပြီး Star Nozzel Piping Bag  ထဲ ခရင်မ်ထည့်၍ ဝိုက်ပြီး စက်ဝိုင်းပုံညှစ်ပါ။ ခရင်မ်အလယ်ဝိုက် ထားသည့်အထဲသို့ စတော်ဘယ်ရီယိုကို Piping Bag ထဲ ထည့်၍ ညှစ်ပါ။ ညှစ်ထားတဲ့ ခရင်မ်နှင့် စတော် ဘယ်ရီယိုအပေါ်မှာ ဖြတ်ထားသော Scone ကို အုပ်ပြီး လိုအပ်လျှင် သကြားမှုန့် ဖြူးလို့ရတယ်။ ဒီအတိုင်း အရသာ ရှိစွာ စားလို့လည်း ရပါတယ်။

Facebook Comments