Sauté Vegetable

by Mario Win Zaw for Food Magazine

          အသီးအရွက်မျိုးစုံကို သဘာဝအရသာမပျက်အောင် မြန်မြန်ကြော်ထားပြီး ဗီတာမင်လည်း မျိုးစုံပါဝင်တော့ အနောက်နိုင်ငံသားတွေက တန်ဖိုးထားပြီး စားသုံးကြပါတယ်။ လွယ်ကူပြီး မြန်ဆန်မှုလည်းရှိတော့ သိပ်ပြီးလည်း မပင်ပန်းပါဘူး။ ပါဝင်ပစ္စည်းကတော့ မိမိနှစ်သက်ရာ ဘာပဲထည့်ထည့်ရပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်ဖြူ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံလွင်ဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ပန်းဂေါ်ဖီ  –  ၃ ခု

ပန်းပွင့်အစိမ်း  –  ၃ ခု

မုန်လာဥနီ  –  ၁/၂ တောင့်

ပန်းငရုတ်ပွ  –  အနည်းငယ်

ဗိုလ်စားပဲ  –  ၅ တောင့်

ပြောင်းဖူး  –  အနည်းငယ်

ဖရုံသခွား  –  ၁/၂ လုံး

Leek (ကြက်သွန်မြိတ်)  –  အနည်းငယ်

ကညွတ်  –  ၃ ပင်

ဆား၊ ငရုတ်ကောင်း  –  သင့်တော်ရုံ

ကြက်သွန်နီဥသေး  –  ၃ လုံး

ပြုလုပ်နည်း

၁။       ပါဝင်ပစ္စည်းထဲမှ ရေနွေးဖြောဖို့လိုတဲ့ ပန်းဂေါ်ဖီ၊ ပန်းပွင့်စိမ်း၊ မုန်လာဥနီ၊ ဗိုလ်စားပဲနှင့် ကညွတ်တို့ကို ရေနွေးဖြောပါ။

၂။       အိုးကို အပူပေးပြီး ကြက်သွန်ဖြူဆီသတ်ပြီး ပါဝင်ပစ္စည်းအားလုံး ထည့်ကြော်ပါ။  ဆား၊ ငရုတ်ကောင်း သင့်တော်ရုံထည့်ပြီး ခဏကြာ ကြော်လိုက်လျှင် ရပါပြီ။

Facebook Comments