Roasted Lamb Rack with Herbs Crust

by Win Zaw @ Mario Win Zaw for Food Magazine

          ဒီအစားအစာလေးကတော့ သိုးနံကပ်သားကို ပေါင်မုန့်ခြောက်မှုန့်ကပ်ပြီး ကင်တာပါ။ ညစာပါတီပွဲတွေမှာ Red Wine လေးနှင့် အရမ်းလိုက်ဖက်ပါတယ်ဗျာ။

ပါဝင်ပစ္စည်းများ

Lamb Rack (သိုးနံကပ်သား)  –  ၁ ပြား

Bread Crumb (ပေါင်မုန့်ခြောက်မှုန့်)  –  ၅၀ ဂရမ်

Parsley Chop (အီတလီနံနံ)  –  အနည်းငယ်

Mint Leaf Chop (ပူဒီနာ)  –  အနည်းငယ်

Rosemary Chop (ရို့စ်မယ်ရီ)  –  အနည်းငယ်

Salt & Pepper (ဆား၊ ငရုတ်ကောင်း)  –  သင့်တော်ရုံ

Dijon Mustard (မုန်ညင်းနှစ်)  –  ထမင်းစားဇွန်း ၁ ဇွန်း

Butter (ထောပတ်)  –  ၅၀ ဂရမ်

Red Wine (ဝိုင်အနီ)  –  ၂၀ ဂရမ်

Mint Sauce (ပူဒီနာဆော့စ်)  –  ၁ ခွက်စာ

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပထမဆုံး သိုးနံကပ်သားအပြားလိုက်ကို ကိုင်တွယ်လှီးဖြတ်သန့်ရှင်းပေးကာ ဝိုင်အနီ၊ ဆား၊ ငရုတ်ကောင်း၊ မုန်ညင်းနှစ်တို့ဖြင့် အရသာနယ်ကာ အနံ့လေးမွှေးပြီး ဘေးသားလေး အရောင်ရအောင် ကင်ပါ။

၂။       ပေါင်မုန့်ခြောက်မှုန့်နှင့် အီတလီနံနံ၊ ပူဒီနာ၊ ရို့စ်မယ်ရီ၊ ထောပတ်တို့ ရောနယ်ပြီး နံကပ်သားပေါ်မှ ခပ်ပါးပါးဖုံးဖိ၍ ကပ်ပါ။ ပြီးလျှင် အာဗင်ထဲထည့်ပြီး ကင်ပါ။ 200˚C ဆိုလျှင် သင့်တော် ပါတယ်။

၃။       ရွှေအိုရောင်လေး တက်လာပြီး ရနံ့လေးသင်းလာပါက ရပါပြီ။ အာလူးနှင့် အသီးအရွက်လေးများ သင့်တော်သလို တွဲပေးလို့ရပါတယ်။ ဆော့စ်တွေထဲမှာကတော့ ပူဒီနာဆော့စ်က အလိုက်ဖက်ဆုံးပါပဲ။

Facebook Comments