Roast Pork Knuckle (ဝက်ဒူးဆစ်ရိုးကင်)

by Win Zaw @ Mario Win Zaw for Food Magazine

ဝက်ဒူးဆစ်ရိုးကင်ကိုတော့ Beer Bar တွေမှာ အများဆုံးစားသုံးကြတာ တွေ့ရပါတယ်။ လုပ်ရတာ မခက်ပေမယ့် အချိန်လေးတော့ ယူရပါတယ်။ အဲဒါမှ ြွကပ်ြွကပ်လေးနဲ့ စားကောင်းတာပါ။ ကဲ… လုပ်ကြည့်ကြရအောင်…။

ပါဝင်ပစ္စည်းများ

ဝက်ဒူးဆစ်ရိုး –  ၁ ချောင်း

ကြက်သွန်နီ –  ၂ လုံး

ကြက်သွန်ဖြူ –  ၁ လုံး

ကရဝေးရွက် –  ၄ ရွက်

နံနံစေ့ –  အနည်းငယ်

ဘီယာ –  ၁ ခွက်

ဆား၊ ငရုတ်ကောင်း –  အနည်းငယ်

ပြုလုပ်နည်း

၁။        ဝက်ဒူးဆစ်ရိုးကို အရသာ၊ ဘီယာတို့နှင့် ရောနယ်ပါ။ ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို ခွဲခြမ်း၍

ထည့်ပါ။ ပြီးလျှင် အလူမီနီယံဖလင်အုပ်ပြီး အပူချိန် 180˚C ပေးထားတဲ့ အာဗင်ထဲမှာ ကင်ပါ။

၂။         ကင်ထားတဲ့ အသားက ၃ နာရီခန့်ကြာလျှင် နူးသွားပါပြီ။ ပြီးလျှင် ထုတ်ပြီး ြွကပ်ရွသွားစေရန် အပူချိန် 240˚C ပေးထားတဲ့ အာဗင်ထဲ ဘာမှမအုပ်ဘဲ ၁၀ မိနစ်ကြာအောင် ကင်ပါ။ ပြီးလျှင် ြွကပ်ြွကပ်ရွရွလေး ဖြစ်တဲ့ ဝက်ဒူးဆစ်ရိုးကို ရပါပြီ။

Facebook Comments