Rain Drop Cake

by မေဖြိုးသီ for Food Magazine

မိုးရာသီလေးမှာ အထူးလိုက်ဖက်လှတဲ့ အချိုပွဲလေးတစ်မျိုးကို မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီအချိုပွဲလေးက အရမ်းလည်း ဆန်းသလို လှပပြီး ပြုလုပ်ရင်လည်း လွယ်ကူတဲ့ အချိုပွဲလေး ဖြစ်ပါတယ်။ ပြီးတော့ အခြေခံပြုလုပ်တဲ့နည်းလေး သိပြီးတာနဲ့ ထပ်ပေါင်းပြီး ဆန်းသစ်တီထွင်လို့လည်း ရတာမို့ စာဖတ်ပရိသတ်တို့လည်း လက်စွမ်းပြလို့ရတဲ့ Recipe လေးဖြစ်ပါတယ်။ စားလိုက်ရင်လည်း အေးမြပြီး လည်ချောင်းထဲ ရှင်းသွားစေမယ့် အရသာလေးပါ။ အဲဒါနဲ့တွဲစားနိုင်တဲ့ Sugar Syrup လေးကတော့ သကြားညိုကနေ အလွယ်တကူ ပြုလုပ်နိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ရေ –  ၂ ခွက်

အာဂါးကျောက်ကျောအမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား –  စားပွဲဇွန်း ၂ ဇွန်း

Sugar Syrup –  စားပွဲဇွန်း ၃ ဇွန်း

Almond Powder –  စားပွဲဇွန်း ၃ ဇွန်း

Additional

Fruits

Chocolate Rice

ပြုလုပ်နည်း

၁။       မီးဖိုပေါ်မှာ ရေ၊ သကြားနှင့် အာဂါးကျောက်ကျောအမှုန့်တို့ကို ရောထည့်ပြီး မီးပူပူဖြင့် ဇွန်းနှင့် ဆက်တိုက်မွှေပြီး ဆူပွက်လာအောင် ကျိုပါ။

၂။       သကြားများပျော်ဝင်ပြီး ဆူပွက်လာပါက ရေခဲရေခွက်ခံ၍ အအေးခံပေးပါ။ အအေးခံ နေစဉ်မှာလည်း ဇွန်းဖြင့် ဆက်တိုက် မွှေပေးနေရပါမယ်။

၃။       ၃ မိနစ်ခန့် အအေးခံပြီးပါက မိမိပြုလုပ်မယ့် ခွက်အတွင်းသို့ အသီးလေးများ အလှဆင် ထည့်၍ ကျိုထားသည်ကို လောင်းထည့်ပြီး ရေအေးခံကာ ရေခဲသေတ္တာထဲ ၂ နာရီခန့် အအေးခံထားပါ။

၎။       ပြီးလျှင် သကြားညိုကို ရေအနည်းငယ်ဖြင့် ကျိုပြီး ရလာတဲ့ (Rain Drop Cake) မိုးရေစက် ကိတ်လေးအပေါ်လောင်း၍ Almond Powder ဖြင့် အရသာရှိစွာ တွဲဖက် စားသုံးနိုင်ပါပြီ။

Facebook Comments