Prawn Wrapped Potato (အာလူးမျှင်ပတ်ပုစွန်ကြော်)

by Win Zaw @ Mario Win Zaw for Food Magazine

          ဒီပုစွန်ကို အာလူးပတ်ထားတဲ့ ခံတွင်းမြိန်အစာလေးကတော့ လုပ်ရတာ သိပ်မခက်ဘဲ စားလို့လည်း အရမ်းကောင်းတယ်ဗျာ။ ဘီယာသောက်တဲ့သူတွေဆို ကြိုက်ကြလွန်းလို့ ဘယ်လိုလုပ်ရသလဲ မကြာမကြာ အမေးခံရတယ်။ ဒါကြောင့် လုပ်ကြမယ်နော်။

ပါဝင်ပစ္စည်းများ

ပုစွန်  –  ၅ ကောင်

အာလူး  –  ၇ လုံး

ဆား  –  အနည်းငယ်

ငရုတ်ကောင်း  –  အနည်းငယ်

ဂျုံ  –  သင့်တော်ရုံ

ကြက်ဥ  –  တစ်ဝက်

ဝိုင်အဖြူ  –  ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဦးစွာ ပုစွန်ကို အခွံနွှာပြီး ဆေးကြောသန့်ရှင်းကာ ဆား၊ ငရုတ်ကောင်း၊ ဝိုင်တို့ဖြင့် အရသာနယ်ပါ။

၂။       ဂျုံ၊ ကြက်ဥကို ရေသင့်တော်ရုံထည့်ပြီး ဖျော်ပါ။ ခပ်ပျစ်ပျစ်လေးပေါ့။ ပြီးမှ ပုစွန်ကို ခပ်ပါးပါးပွတ်ပါ။

၃။       အာလူးကို နွှာပြီး Spiral Slicer ဖြင့် အချောင်းမျှင်လေးတွေရအောင် လုပ်ပါ။ ပြီးလျှင် ပုစွန်ကို အမြီးမှကိုင်ပြီး အာလူးမျှင်လေးများဖြင့်ပတ်ကာ ဆီပူထဲမှာ ကြော်ပါ။ မိမိကြိုက်နှစ်သက်ရာ အချဉ်နှင့် စားလို့ရပါတယ်။

Facebook Comments