Pistachio Sauce Pasta

by May Phyo Thi for Food Magazine

ပါဝင်ပစ္စည်းများ

Spiral Pasta  –  ၇၀ ဂရမ်

Pistachio Nuts  –  ၃၀ ဂရမ်

ကြက်သွန်ဖြူ  –  ၃ မြွှာ

သံပရာရည်  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

Parmesan Cheese  –   ၁၅ ဂရမ်

သံလွင်ဆီ  –  ၅၀ ဂရမ်

ဘေကွန်  –  ၅၀ ဂရမ်

ဆား  –  ၅ ဂရမ်

ငရုတ်ကောင်းမှုန့်   –  ၅ ဂရမ်

ခရမ်းချဉ်သီး  –  ၁ လုံး

ပင်စိမ်းရွက်  –  ၁၅၀ ဂရမ်

ရေ  –  အနည်းငယ်

ပြုလုပ်နည်း

၁။       Pasta များကို ရေနွေးဆူဆူမှာ ဆားအနည်းငယ်ဖြင့် ၆ မိနစ်ခန့် ပြုတ်ပါ။

၂။       ပြီးလျှင် ဆယ်ယူထားပြီး ရေအေးဖြင့် ဆေးချပါ။

၃။       ဆော့စ်ပြုလုပ်ရန်အတွက် ပင်စိမ်း၊ Pistachio Nuts, ဆား၊ ကြက်သွန်ဖြူ၊ ငရုတ်ကောင်းမှုန့်၊ ချိစ်၊ သံလွင်ဆီနှင့် ရေအနည်းငယ် ထည့်ပြီး ကြိတ်ပါ။

၎။       အိုးထဲ ဘေကွန်များ ထည့်ကြော်ပြီး ခရမ်းချဉ်သီး၊ ပါစတာ၊ ဆော့စ်များ ထည့်၍ မွှေပါ။

၅။       ပြီးလျှင် ပန်းကန်ထဲ အလှဆင်ထည့်ပြီး ဘေကွန်ချိစ်လေးများတင်ကာ စားသုံးနိုင်ပါပြီ။

Facebook Comments