Pineapple Fried Rice (နာနတ်သီးထမင်းကြော်)

by Ko Win Zaw for Food Magazine

          ဒီနာနတ်သီးထမင်းကြော်ကို ဆရာဖြစ်သူ Ah Joo ရဲ့  လုပ်ပုံအတိုင်း လုပ်ပြပေးပါမယ်။ နာနတ်သီးကို ထမင်းကြော်ထဲ မထည့်ဘဲ ကြော်ပေးလိုက်မိလို့ ရယ်စရာ မေ့မရတဲ့ အချိန်လေးကို သတိရလို့ပါ။ ကဲ… လုပ်ကြရအောင်။

ပါဝင်ပစ္စည်းများ

နာနတ်သီး  –  ၁ ခြမ်း (ပုံစံခွက်ဖော်ပါ)

ပုစွန်  –  ၅ ကောင်

ပဲတီစိမ်း  –  ထမင်းစားဇွန်း ၁ ဇွန်း

သီဟိုဠ်စေ့  –  ထမင်းစားဇွန်း ၁ ဇွန်း

မုန်လာဥနီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ငရုတ်သီး  –  အနည်းငယ်

ကြက်သွန်နီ  –  ၁ လုံး

ကြက်ဥ  –  ၁ လုံး

ထမင်းဖြူ  –  ၁ ပန်းကန်

ကြက်သွန်မြိတ်  –  အနည်းငယ်

ကြက်သွန်ကြော်  –  ထမင်းစားဇွန်း ၁ ဇွန်း

သခွားသီး  –  အနည်းငယ်

ဆော့စ်နှစ်  –  ထမင်းစားဇွန်း ၁ ဇွန်း

ဆား၊ ငရုတ်ကောင်း  –  လိုသလောက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပုစွန်ကို ဆီပူထိုးပြီး ဘေးဖယ်ထားပါ။ ကြက်ဥထည့်မွှေပါ။ ပါဝင်သော အသီးအရွက်များနှင့် ဆော့စ်နှစ်ထည့်မွှေပါ။ ပြီးလျှင် ထမင်းနှင့်အရသာ ရောထည့်ပါ။ အရသာကတော့ စပ်ပြီး အချဉ်၊ အငန်အရသာ နည်းနည်းပါရမယ်။

၂။       နာနတ်သီးကိုတော့ စောစောကတည်းက အလယ်မှဖောက်ပြီး ပုံစံခွက်လေး ဖော်ထားကာ ထွက်လာသော အသားကို အတုံးလေးများတုံးပြီး ထမင်းကြော်ထဲ ရောထည့်ရပါမယ်။ အားလုံးပြီးပါက ပုံထဲကလို ထည့်ပြီး အပေါ်မှ ကြက်သွန်မြိတ်၊ ကြက်သွန်ကြော်၊ သခွားသီးကို တင်ပေးပါ။

ဆော့စ်ချက်ရန်

          Chilli Paste, Garlic, Fish Gravy, Lime, Sugar, Red Chilli ဆီသတ်ပြီး သိမ်းထားပါ။

Facebook Comments