Pennywort Salad (မြင်းခွာရွက်သုပ်)

by Win Zaw @ Mario Win Zaw for Food Magazine

          ဒီမြင်းခွာရွက်သုပ်လေးကတော့ လတ်ဆတ်ပြီး စားလို့ကောင်းတဲ့အပြင် ကျန်းမာရေးကို အထောက်အကူပြုလို့ ကျွန်တော်ကတော့ အလွန်တန်ဖိုးထားတယ်ဗျာ။ အဓိကကတော့ အာရုံကြောနှင့်ဆိုင်တဲ့ မျက်လုံးတွေနဲ့ ဆီး၊ ကျောက်ကပ်နှင့်ဆိုင်ရာတွေကို အားကောင်းစေပါတယ်။ ကျွန်တော်လုပ်တဲ့ ရိုးရိုးရှင်းရှင်းပုံစံလေး လုပ်ကြမယ်နော်။

ပါဝင်ပစ္စည်းများ

မြင်းခွာရွက်  –  ၁ စည်း

ကြက်သွန်နီ  –  ၁ လုံး

ခရမ်းချဉ်သီး  –  ၁ လုံး

ပဲအကျက်မှုန့်  –  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူဆီချက်  –  ထမင်းစားဇွန်း ၁ ဇွန်း

ပုစွန်ငံပြာရည်  –  သင့်တော်ရုံ

ငရုတ်ကောင်းမှုန့်  –  အနည်းငယ်

ငရုတ်သီးစိမ်း  –  ၄ တောင့်

ပုစွန်ခြောက်  –  ထမင်းစားဇွန်း ၁ ဇွန်း

နှမ်းလှော်  –  အနည်းငယ်

သံပရာသီး  –  ၁ လုံး

ပြုလုပ်နည်း

၁။       မြင်းခွာရွက်ကို ရေဆေးပြီး လှီးထားပါ။ ကြက်သွန်နီ၊ ခရမ်းချဉ်သီး လှီးထားပါ။

၂။             အဆင်သင့်ဖြစ်ပြီဆိုပါက အားလုံးရောပြီး လက်အိတ်ဖြင့်နယ်ပါ။ အချဉ်နှင့် အစပ်ကို မိမိကြိုက်သလို အတိုးအလျှော့လုပ်ပါ။ အပေါ်မှ ပုစွန်ခြောက်နှင့် နှမ်းလှော်ဖြူးပေးလိုက်ပါ။ ဒီနေရာမှာ ပုစွန်ငံပြာရည်မသုံးဘဲ ဆားသုံးလျှင်လည်း ရပါတယ်။

Facebook Comments