Pavlova

by Chef Saw Sar Mular for Food Magazine

Pavlova က ဩစတြေးလျနဲ့ နယူးဇီလန်လူမျိုးတွေရဲ့ ကြိုက်နှစ်သက်ဆုံး အချိုပွဲ ဖြစ်ပြီး အစကတည်းက ဒီမုန့်ကို စတင်ပြုလုပ်ခဲ့တဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ ကြက်ဥ အကာ၊ သကြား၊ Meringue အြွကပ်ကို အခြေခံကာ ခရင်မ်နဲ့ အသီးတွေတင်ပြီး စားကြပါတယ်။ အောက်ခံ Meringue ကိုြွကပ်အောင်ဖုတ်ပြီး လေလုံတဲ့ဘူးထဲမှာ အကြာကြီး သိမ်းပြီးတော့ လိုအပ်တဲ့အချိန်မှာ လုပ်စားလို့ရပါတယ်။

 

Meringue အတွက် ပါဝင်ပစ္စည်းများ

ကြက်ဥအကာ –  ၂ လုံး

သကြားအမှုန့် –  ၁၂၀ ဂရမ်

ပြောင်းဖူးအမှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

သံပရိုအရည် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်ဥအကာကို စက်ထဲထည့်ပြီး အမြှုပ်ဖြူလာတဲ့အထိ High Speed ဖြင့်ရိုက်ပါ။ အမြှုပ်ဖြူလာလျှင် သကြားကို ဖြည်းဖြည်းချင်း ထည့်၍ ညောင်စေးပေါက်ပြီးြွကက်မြီးတန်းအောင် ရိုက်ပါ။

၂။       စက်ထဲမှ ထုတ်ပြီး ပြောင်းဖူးအမှုန့်၊ သံပရိုအရည်ကို ရောပြီး လက် (သို့) ပလတ်စတစ်ယောက်မဖြင့် ညင်သာစွာ ရောမွှေပါ။

အဲဒါကို Meringue လို့ ခေါ်ပါတယ်။

၃။       Piping Bag ထဲ Star Nozzel ထည့်ပြီး Meringue  ကို ထည့်၍ ပုံမှာပြထားတဲ့အတိုင်း အောက်ခံအဝိုင်းကို ညှစ်ပြီး အောက်ခံ အဝိုင်းပြားအပေါ် ဘေးနှုတ်ခမ်းများမှာ တစ်လိုင်းညှစ်၍ ငှက်သိုက်ပုံ (သို့) ခွက်ပုံသဏ္ဌာန်ဖြစ်အောင် လုပ်ပါ။

၎။       မီးအပူချိန် အပေါ်အောက် 120˚C  နှင့် ၁ နာရီခွဲကြာအောင် ဖုတ်ပါ။ အရောင်အနည်းငယ် ပြေစင်း၍ြွကပ်ြွကပ်လေးဖြစ်လျှင် ရပါပြီ။ ပြီးလျှင် အအေးခံပါ။

၅။       Topping Cream ၂၀ဝ ဂရမ်ကို စက်ထဲထည့်ပြီး ခြင်းလုံးဖြင့် ခဲလာတဲ့အထိ ရိုက်ပါ။ Piping Bag ထဲ ခရင်မ် ထည့်၍ အဆင်သင့် ပုတ်ပြီး အအေးခံထားသော Meringue ခွက်ထဲ ခွက်ပြည့်ရုံ ညှစ်ထည့်ပါ။

၆။       မိမိကြိုက်နှစ်သက်ရာအသီး ရောင်စုံဖြစ်သော စတော်ဘယ်ရီ၊ လိမ္မော်သီး၊ ကီဝီ၊ သရက်သီး၊ Blueberry, Black Berry, Raspberry  များကို သေးသေးလှီးပြီး ထည့် နိုင်ပါတယ်။ ပြီးလျှင် Apricot Glazing Jel  စားပွဲဇွန်း ၂ ဇွန်းနှင့် ရေ ၅ ဇွန်းကို ပွက်ပွက်ဆူအောင် ကျိုပြီး အသီးများအပေါ်မှ ဘရပ်ရှ်နှင့် အသီးများ ပြောင်နေအောင်၊ မခြောက်အောင် သုတ်ပေးပြီး အရသာရှိစွာ စားသုံးနိုင်ပါတယ်။

Facebook Comments