Pan Fried Cheese Chicken (ချိစ်နှင့် ကြော်ထားသော ကြက်သား)

by Win Zaw @ Mario Win Zaw for Food Magazine

          ယခု ချိစ်နှင့်ကြော်ရတဲ့ ကြက်သားအစားအစာကတော့ အနောက်တိုင်းအစားအစာ တစ်မျိုးပါ။ စားလို့ကောင်းပြီး အရမ်းလည်း ရောင်းရပါတယ်။

ပါဝင်ပစ္စည်းများ

Chicken (ကြက်သား)  –  ၁၈၀ ဂရမ်

Cheddar Cheese (ခြစ်ထားပါ)  –  ၄၀ ဂရမ်

Parmesan Cheese (ခြစ်ထားပါ)  –  ၁၀ ဂရမ်

White Wine (ဝိုင်အဖြူ)  –  စားပွဲဇွန်း ၁ ဇွန်း

Salt & Pepper (ဆား၊ ငရုတ်ကောင်း)  –  အနည်းငယ်

Flour (ဂျုံ)  –  အနည်းငယ်

Bread Crumbs (ပေါင်မုန့်ခြောက်)  –  ၂၀ ဂရမ်

Parsley Chop  –  အနည်းငယ်

Cheese Butter Sauce  –  စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်သားလွှာကို ဝိုင်ဖြူ၊ ဆား၊ ငရုတ်ကောင်းတို့ဖြင့် အရသာသွင်းပြီး ရေခဲသေတ္တာထဲ ၁၀ မိနစ်ခန့် ထားပါ။

၂။       ဂျုံကို ခပ်ပျစ်ပျစ်လေး အရည်ဖျော်ထားပါ။

၃။       ပေါင်မုန့်ခြောက်ကို ခြစ်ထားသော ချိစ်များနှင့် ရောနယ်ထားပါ။

၎။       ပြီးလျှင် ကြက်သားကို ဂျုံရည်ခပ်ပါးပါးပွတ်ပြီး နယ်ထားသော ချိစ်များနှင့် ဘေး

နှစ်ဖက်ကို ကပ်ပါ။ ကြော်မည့် Pan အိုးထဲ ဆီခပ်ပါးပါးထည့်ပြီး နှစ်ဖက်စလုံး အရောင်ရအောင် ကြော်ပါ။ အဲဒီအချိန်မှာ ကြက်သားအကျက်လိုသေးပါက အာဗင်ထဲ ၅ မိနစ်ခန့် ထည့်ပါ။ ပြီးလျှင် Parsley Chop အပေါ်ကဖြူးပြီး အသီးအရွက်၊ အာလူးတို့နှင့်အတူ ပေးနိုင်ပါပြီ။

Facebook Comments