Nosi Goreng (အင်ဒိုနီးရှားထမင်းကြော်)

by Win Zaw @ Mario Win Zaw for Food Magazine

          အင်ဒိုနီးရှားထမင်းကြော်ဆိုပေမယ့် မလေးရှားမှာ ရောင်းဝယ်မှုတွေက အရမ်းတွင်ကျယ်နေပါတယ်။ ပြီးတော့ အရသာနှင့် ပုံစံလေးတွေလည်း နည်းနည်းစီ ကွဲနေကြတယ်။ အခု ကျွန်တော်လုပ်ခဲ့တဲ့ ပီနန်းမြို့က ပုံစံလေးကို လုပ်ပြပေးပါမယ်။

ပါဝင်ပစ္စည်းများ

ထမင်းဖြူ  –  ပန်းကန်လုံး ၁ လုံး

ပုစွန်  –  ၃ ကောင်

မုန်လာဥနီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်သွန်နီ  –  ထမင်းစားဇွန်း ၁ ဇွန်း

ပဲတီစိမ်း  –  ထမင်းစားဇွန်း ၁ ဇွန်း

ကြက်ဥ  –  ၂ လုံး

ပဲပင်ပေါက်  –  အနည်းငယ်

ငါးပိဆော့စ်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်သီး  –  ၄ တောင့်

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

သကြား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပဲငံပြာရည်အကြည်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်ကောင်း  –  အနည်းငယ်

ကြက်ဆာတေး  –  ၃ ချောင်း

သံပရာသီး  –  တစ်ခြမ်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ပုစွန်ကို ကြော်ပြီး ဘေးမှာချထားပါ။

၂။       ကြော်မည့်အိုးကို အပူပေးပြီး ဆီထည့်ကာ ကြက်ဥတစ်လုံး ထည့်ကြော်ပါ။ ပါဝင်သော အသီးအရွက်များထည့်ပါ။ ပြီးလျှင် ငါးပိဆော့စ် ရောထည့်မွှေပါ။  (ငါးပိဆော့စ်ဆိုတာကတော့ ဖုတ်ထားသောငါးပိနှင့် ငရုတ်သီးတောင့်ရှည်အနီတို့ကို ရောထောင်းပြီး ဆီထည့်စိမ်ထားတာပါ။)

၃။       ပြီးလျှင် ပါဝင်ပစ္စည်းအားလုံးရောထည့်ကာ ကြော်ပါ။ ပြီးလျှင် ပုံထဲကအတိုင်း ပန်းကန်ထဲထည့်ပါ။ ဘေးနားမှာ ဆာတေးနှင့် ခရမ်းချဉ်သီး၊ သခွားသီးတို့ကို ရံပေးလိုက်ပါ။ ကျန်တဲ့ ကြက်ဥနောက်တစ်လုံးကို အပြားကြော်ပြီး အမျှင်လေးတွေလှီးကာ ထမင်းကြော်ပေါ်က တင်ပေးလိုက်ပါ။

Facebook Comments