No Bake Mango Mini Cheese Cake

by Hsu Myat Oo for Food Magazine

          No Bake Cheese Cake ကို အီမှာစိုးတာကြောင့် ရာသီစာဖြစ်တဲ့ သရက်သီးလေးတွေကိုထည့်ပြီး လုပ်ပြထားပါတယ်။ ဖုတ်ထားတာမဟုတ်တဲ့အတွက်ကြောင့် ခဲစေဖို့အတွက် Gelatin သုံးပေးဖို့ လိုပါတယ်။ စားခါနီးမှ ရေခဲသေတ္တာထဲကနေထုတ်ပြီး သုံးဆောင်ပါ။

ပါဝင်ပစ္စည်းများ

သရက်သီး  –  ၂ လုံး

Cream Cheese  –  ၂၀ဝ ဂရမ်

Heavy Cream  –  ၂၀ဝ ဂရမ်

သံပရာရည်  –  စားပွဲဇွန်း ၁ ဇွန်း

သံပရာအခွံခြစ်  –  စားပွဲဇွန်း ၁ ဇွန်း

Gelatin  –  ၁၅ ဂရမ်

သကြား  –  ၁၀ဝ ဂရမ်

Oreo ကွတ်ကီး

ထောပတ်  –  စားပွဲဇွန်း၂ ဇွန်း

ပြုလုပ်နည်းအဆင့်ဆင့်

၁။       သရက်သီးကို အခွံနွှာပြီး အတုံးလေးတွေ တုံးထားပါ။ ကွတ်ကီးနဲ့ ထောပတ်မှလွဲ၍ ပါဝင်ပစ္စည်းအားလုံးကို ကြေပြီး သမသွားအောင် ရောမွှေပေးပါ။

၂။       Oreo ကွတ်ကီးများကို အထဲမှ ခရင်မ်များကိုဖယ်ပြီး အမှုန့်ဖြစ်အောင် ခြေပေးပါ။ ထောပတ်ဖြင့် သမအောင် နယ်ပေးပါ။ ကွတ်ကီးလေးတွေကို မခြေချင်ရင် အချပ်လိုက်အောက်ခံအဖြစ် Cupcake ခွက်မှာ သုံးပေးလို့ရပါတယ်။

၃။  ကွတ်ကီးအမှုန့်များကို Cupcake ခွက်လေးများမှာ အောက်ခံအဖြစ် ထည့်ပေးပါ။ အပေါ်မှ သရက်သီးရည်များကို လောင်းထည့်ပြီး ရေခဲသေတ္တာထဲမှာ ခဲသည်အထိ ထားပေးပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments