Mutton Keema (ဆိတ်ကီးမား)

Mutton Keema (ဆိတ်ကီးမား)

            ဒီဆိတ်ကီးမားဆိုတာကတော့ အိန္ဒိယ အစားအစာလေးပါ။ သူကလည်း အတော်လေးနာမည်ရတဲ့ အစားအစာလေးပေါ့။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာဆို လူမျိုးမခြား အားလုံးကြိုက်ကြတာပါ။ ဒီကီးမားလေးကို ပုံစံအမျိုးမျိုးနဲ့ ချက်တာတွေ တွေ့ရမှာပါ။ ဥပမာ- ပလာတာကီးမားဆို ပုံစံတစ်မျိုး၊ Dinner ကီးမားဆို ပုံစံတစ်မျိုး၊ Curry ကီးမားဆို တစ်မျိုးပေါ့။ အခုကျွန်တော်က Dinner Keema ပုံစံ လုပ်ပြမယ်နော်။ စားသောက်ဆိုင် ကြီးတွေမှာ ထမင်းနှင့်အတူစားဖို့ ရောင်းတဲ့ပုံစံလေးပေါ့။

►   ပါဝင်ပစ္စည်းများ

♦   Mutton Mince   –   ၄ဝဝ ဂရမ် (ကြိတ်ထားသော ဆိတ်သား)

♦   Tomato Dice (ခရမ်းချဉ်သီး)               –   ၁ လုံး

♦   Tomato Round (ခရမ်းချဉ်သီးဝိုင်း)   –   ၁ လုံး

♦   Onion Chop (ကြက်သွန်နီ)   –   ၁ လုံး

♦   Onion Round (ကြက်သွန်နီဝိုင်း)   –   ၁ လုံး

♦   Chilli Chop (ငရုတ်စိမ်း)   –   ၃ တောင့်

♦   Oil (ဆီ)   –   သင့်တော်ရုံ

♦   Tumeric Powder (နနွင်းမှုန့်)   –   အနည်းငယ်

♦   Chilli Powder (ငရုတ်သီးမှုန့်)   –   အနည်းငယ်

♦   Masala (မဆလာ)   –   အနည်းငယ်

♦   Ginger Chop (ချင်း)   –   အနည်းငယ်

♦   Garlic Chop (ကြက်သွန်ဖြူ)   –   အနည်းငယ်

♦   Salt (ဆား)   –   အနည်းငယ်

♦   Pepper (ငရုတ်ကောင်း)   –   အနည်းငယ်

♦   Coriander (နံနံပင်)   –   အနည်းငယ်

►   ပြုလုပ်နည်း

၁။        ပထမဆုံး ဆီကို အပူပေးပါ။ ပြီးလျှင် Onion Chop, Garlic Chop ချင်းတို့ ထည့်ပြီး ဆီသတ်ပါ။ နနွင်းမှုန့်နှင့် ငရုတ်သီးမှုန့် ထည့်ပါ။ ပြီးလျှင် သင့်တော်ရုံမွှေပေးပါ။ ပြီးလျှင် ခရမ်းချဉ်သီးတုံးလေးတွေ လှီးထားတာကို ထည့်မွှေပါ။ နွမ်းကျသွားလောက်အောင် ထားပါ။

၂။        ပြီးလျှင် ကြိတ်ထားသော ဆိတ်သားရောမွှေပါ။ အရသာထည့်ပါ။ ဆား၊ ငရုတ်ကောင်း၊ မဆလာထည့်ပါ။ ပြီးလျှင် မြည်းကြည့်ပါ။ ရနံ့လေးသမ်းပြီး အရသာကောင်းပြီဆိုလျှင် လှီးထားတဲ့ ငရုတ်သီးစိမ်း၊ ကြက်သွန်နီဝိုင်းနဲ့၊ ခရမ်းချဉ်သီးဝိုင်းထည့်မွှေပါ။ ခဏကြာလျှင်ရပါပြီ။ ပန်းကန်ထဲမှာထည့်ပြီး နံနံပင်ကို အပေါ်မှတင်ပေးလိုက်လျှင် ထမင်းနဲ့စားလို့ရပါပြီဗျာ။

♦   Win Zaw @ Mario Win Zaw   ♦

Facebook Comments