Mexican Beans

for Food Magazine

ပါဝင်ပစ္စည်းများ

ပဲကတ္တီပါ (အသင့်စားသံဘူး)  –  ၄၃၂ ဂရမ်

ကြက်သွန်နီ  –  ၁ လုံး

ကြက်သွန်ဖြူ  –  ၃ မြွှာ

ပြောင်းဖူးပြုတ်  –  ၁ ဖူး

ပန်းငရုတ်ပွ  –  ၁ လုံး

ငရုတ်သီးစိမ်း  –  ၂ တောင့်

ဇီရာ  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်ကောင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အရောင်တင်ငရုတ်သီးမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Rustica Tick Crushed Tomatoes  –  စားပွဲဇွန်း ၁ ဇွန်း

Mexican Salsa  –  ၃၀ဝ ဂရမ်

သံပရာရည်  –  စားပွဲဇွန်း ၁ ဇွန်း

နံနံပင်  –  ၁ စည်း

နေကြာဆီ  –  စားပွဲဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

၁။       ပြောင်းဖူးပြုတ်ကို အစေ့ခြွေထားပါ။ ပန်းငရုတ်ပွကို အမြှောင်းလေးတွေ လှီးထားပါ။ ငရုတ်သီးစိမ်းကို ပါးပါးလှီးပါ။ ကြက်သွန်နီ၊ ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။ပန်းငရုတ်ပွ၊ ငရုတ်သီးစိမ်းတို့ကို ထည့်ပြီး မိနစ်အနည်းငယ် ချက်ပါ။

၂။       ပဲကတ္တီပါကို ဘူးမှာပါတဲ့ ရေကိုဖယ်ပြီး ထည့်ပါ။ ပြောင်းဖူးတို့ကို ထည့်ပြီး ဇီရာ၊ ငရုတ်ကောင်းမှုန့်၊ အရောင်တင်ငရုတ်သီးမှုန့်၊ ဆား၊ ခရမ်းချဉ်သီးအနှစ်၊ Mexican Salsa နှင့် သံပရာရည်တို့ကို ထည့်၍ မိနစ်အနည်းငယ်ချက်ပြီး နံနံပင်အုပ်ကာ သုံးဆောင်နိုင်ပါပြီ။

Facebook Comments