Love Layer

by May Phyo Thi for Food Magazine

          ဒီနှစ်ထဲမှာ ကိတ်ဖုတ်တာ ဓာတ်ကျနေတဲ့ ကျွန်မကတော့ ကိုယ့်အတွက်လုပ်ရင်း ချစ်ရသူတွေကို အချစ်သင်္ကေတလေးနဲ့ မုန့်တစ်ခုခုလုပ်ပေးချင်နေတာနဲ့ ချောကလက် Love Layer အသေးလေးကို လုပ်ရင်း စာဖတ်သူတွေကိုပါ လုပ်နည်းလေး မျှဝေပေးလိုက်ပါတယ်။

လိုအပ်မယ့်ပစ္စည်းများကတော့ –

ဂျုံ  –  ၁၅၅ ဂရမ်

ကိုကိုးမှုန့်  –  စားပွဲဇွန်း ၁ ဇွန်း

မုန့်ဖုတ်ဆော်ဒါ  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

ဆား  –  အနည်းငယ်

ထောပတ်  –  ၅၅ ဂရမ် (အခန်းအပူချိန်)

သကြား  –  ၁၅၀ ဂရမ်တို့ကို နှံ့စပ်နေအောင် မွှေပြီး

ကြက်ဥ  –  ၁ လုံး ဖောက်ထည့်၍ မွှေပေးပါ။

ဟင်းသီးဟင်းရွက်ဆီ  –  ၁၀ဝ ဂရမ်

ရှလကာရည်  –  လက်ဖက်ရည်ဇွန်း ၁/၂ ဇွန်း

နွားနို့  –  ၁၂၀ ဂရမ်

Food Color (Red)  –  ၅ စက်ခန့် ထည့်၍ နှံ့စပ်အောင် မွှေပြီး

ပြုလုပ်နည်း

၁။       ဂျုံ၊ ကိုကိုးမှုန့်၊ မုန့်ဖုတ်ဆော်ဒါ၊ ဆားတို့ကို ဦးစွာ ဆန်ခါချ မွှေပေးပါ။ ထောပတ်၊ သကြား၊ ကြက်ဥ၊ ဟင်းသီးဟင်းရွက်ဆီ၊ ရှလကာရည်၊ နွားနို့၊ Food Color (Red) ထည့်၍ နှံ့စပ်အောင် မွှေပါ။

၂။       ခုနက ရောထားတဲ့ ကိုကိုးနှင့် ဂျုံမှုန့်အရောတို့ကို ထည့်မွှေပေးပြီးလျှင် ကိတ်သားလေးက အဆင်သင့်ဖြစ်ပါပြီ။

၃။       ကိတ်သားကိုတော့ အပူချိန် ၁၇၅ ဒီဂရီ စင်တီဂရိတ်လောက်မှာ ၁၅ မိနစ် (သို့) မိနစ် ၂၀ ခန့် ဖုတ်ပါ။

၎။       ကိတ်လေးရလာလျှင် အအေးခံပြီး အလယ်ကလွှာ၍ နှစ်သက်ရာ အသည်းပုံ၊ အဝိုင်းလေးတွေနဲ့ ဖြတ်ပြီး ခရင်မ်လေးတွေ တစ်လွှာချင်းထည့်ပေးလို့ ရပါပြီ။

၅။       ခရင်မ်ကတော့ Whipping Cream အမျိုးအစားကိုမှ သကြားနဲ့ ရောရိုက်ပေးပါ။ အဆင်သင့်သုံးနိုင်တဲ့ ခရင်မ်တွေလည်းရှိတော့ ကိုယ့်ချစ်သူကို မိမိကိုယ်ပိုင်ပုံလေးတွေ ဖော်ကျူးပြီး အပေါ်ကလည်း နှစ်သက်ရာပြင်ဆင်မှုလေးတွေနဲ့ Decorating ဖော်ပြီး ပြသလိုက်ပါနော်။

Facebook Comments