Linzer Cake

by စောဆာမူလား for Food Magazine

Linzer Tarte လို့ ခေါ်ပါတယ်။ ဩစတြေးလျနိုင်ငံက စတင်ပြုလုပ်ခဲ့ပါတယ်။ ပါဝင်ပစ္စည်းတွေက

ကိတ်ဂျုံ (သို့) ကိတ်အကြေ (Cake Crumb)၊ ထောပတ်၊ ကြက်ဥ၊ သံပရိုသီးအခွံ၊ သစ်ကြားသီး၊ သစ်အယ်သီး နှင့် ဗာဒံသီးအမှုန့်တို့ကို သုံးနိုင်ပါတယ်။ Raspberry Jam, Apricot Jam ရှိတာတစ်ခုခုနဲ့ ကိတ်ပေါ်မှာ သုတ်ပေးရပါတယ်။ ဟင်းခတ်အမွှေးအကြိုင်တွေဖြစ်တဲ့ သစ်ကြံပိုးခေါက်မှုန့်နှင့် လေးညှင်းပွင့်အမှုန့်တို့ကို လည်း မိမိကြိုက်နှစ်သက်ရင် ထည့်သုံးလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

ထောပတ် –  ၁၀ဝ ဂရမ်

သကြား –  ၁၀ဝ ဂရမ်

ဆား –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

သစ်ကြံပိုးခေါက်မှုန့် –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

လေးညှင်းပွင့်အမှုန့် –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ –  ၃ လုံး

Almond Powder –  ၁၀ဝ ဂရမ်

ကိတ်ဂျုံ –  ၃၀ ဂရမ်

ကိတ်အကြေ (Cake Crumb) –  ၂၀ဝ ဂရမ်

Raspberry (သို့) စတော်ဘယ်ရီယို –  ၁၅၀ ဂရမ်

ပြုလုပ်နည်း

၁။       ထောပတ်၊ သကြားနှင့် ဆားကို ဖြူပြီး ပွလာသည်အထိ စက်ဖြင့် ရိုက်ပါ။

၂။       ထောပတ်ဖြူပြီး ပွလာလျှင် ကြက်ဥကို တစ်လုံးချင်း ဖြည်းဖြည်းထည့်၍ သကြားကြေသည်အထိ ရိုက်ပါ။

၃။       သစ်ကြံပိုးခေါက်မှုန့်၊ လေးညှင်းပွင့်အမှုန့်နှင့် ကိတ်ဂျုံတို့ကို ဆန်ခါချပြီး ရောမွှေပါ။

၎။       ကိတ်အကြေ (Cake Crumb) နှင့် Almond Powder တို့ကိုရော၍ ဖြည်းဖြည်းချင်း ထည့်မွှေပါ။ မုန့်သားချောမွတ်အောင် မွှေပြီးလျှင် ရပါပြီ။

၅။       ၆ လက်မ ကိတ်လေးထောင့်ကွင်းအောက်မှာ စက္ကူခံပြီး မုန့်နှစ် ၃/၄ ခန့်ကို ထည့်ပါ။ ထည့်ပြီးသော

မုန့်နှစ်ကို အနည်းငယ်မာ၍ ခဲလာအောင် ရေခဲသေတ္တာအခဲခန်း (Deep Freezer) ထဲမှာ မိနစ် ၂၀ ခန့် ထည့်သိမ်းထားပါ။

၆။       မုန့်နှစ် ၁/၄ အကျန်ကို ကိတ်ဂျုံ စားပွဲဇွန်း ၂ ဇွန်းနှင့် ရောမွှေပြီး Star Tube တပ်ထား တဲ့ Piping Bag ထဲ မုန့်နှစ်အကုန်ထည့်ပါ။

၇။       ရေခဲသေတ္တာအခဲခန်းထဲမှာ သိမ်းထားတဲ့ မုန့်နှစ်ကို မျက်နှာပြင်အနည်းငယ်ခဲလာလျှင် ဆွဲထုတ်ပြီး မုန့်သားမျက်နှာပြင်ပေါ်မှာ Raspberry Jam (သို့) စတော်ဘယ်ရီယိုကို သုတ်ပါ။ Piping Bag ထဲ ထည့်ထားတဲ့ မုန့်နှစ်ကို Raspberry Jam (သို့) စတော်ဘယ်ရီယိုအပေါ်မှာ ပုံမှာပြထားသည့်အတိုင်း ညှစ်၍ဆွဲပါ။ မီးဖိုအပူချိန် အပေါ်အောက် 180˚C နှင့် မိနစ် ၄၀ ခန့် ဖုတ်ပါ။ မုန့်သားကျက်မကျက်ကို ဆာတေးတုတ်ဖြင့် မုန့်သားအလယ်တည့်တည့်ကို ထိုးကြည့်ပါ။ တုတ်စိုနေလျှင် အချိန်အနည်းငယ် ထပ်မံ၍ ဖုတ်ပြီး ခြောက်နေလျှင် ကျက်ပါပြီ။ ပြီးလျှင် ကိတ်ကွင်းထဲက ထုတ်၍ အအေးခံပြီး ကြိုက် နှစ်သက်ရာပုံ လှီးပါ။ လိုအပ်လျှင် အပေါ်မှာ သကြားအမှုန့်ဖြူးပြီး အလှဆင်ပါ။ ပြီးလျှင် အရသာရှိစွာ စားသုံးနိုင်ပါပြီ။

Facebook Comments