Korean Black Bean Noodle (Jjajangmyeon)

by Hsu Myar Oo for Food Magazine

          ကိုရီးယားကားတွေမှာ အများဆုံးတွေ့နေတဲ့ အစားအစာကတော့ ပဲခေါက်ဆွဲပါပဲ။ ရုပ်ရှင်ကြည့် နေရင်း ရုပ်ရှင်ဇာတ်ကောင်တွေ စားပြနေတာကိုက လိုက်စားချင်စရာပါ။ တကယ်တမ်းလုပ်နည်းလေး ကလည်း အရမ်းခက်တာမဟုတ်လို့ အိမ်မှာပဲ ကိုယ်တိုင် လုပ်စားကြည့်ကြရအောင်။ ဆုမြတ်က အနှစ်ထုပ်နဲ့ အမှုန့်ထုပ်ဆိုပြီးတော့ (၂) မျိုးတော့ တွေ့ဖူးတယ်။ ဒါပေမဲ့ ပဲခေါက်ဆွဲအနှစ်ထုပ်ကိုပဲ ဝယ်သုံးဖြစ်တယ်။ ပဲခေါက်ဆွဲအနှစ်ကိုတော့ City Mart တိုင်းမှာ ဝယ် ယူရရှိနိုင်ပါတယ်။ ဆုမြတ်ရဲ့ အိမ်က မောင်တွေ၊ ညီမလေးတွေလည်း ကြိုက်ကြတယ်ဆိုတော့ ပရိသတ် ကြီးလည်း ကြိုက်နှစ်သက်မယ်လို့ ထင်ပါတယ်။ လုပ်ကြည့်လိုက်ကြရအောင်။

ပါဝင်ပစ္စည်းများ

ပဲခေါက်ဆွဲအနှစ်  –  စားပွဲဇွန်း ၄ ဇွန်း

ကြက်သွန်နီ  –  အကြီး ၃ လုံး

အာလူး  –  ၂ လုံး

ပြောင်းဖူး  –  ၁ ဖူး

ကြက်သား   –  ၁၅၀ ဂရမ် (နုပ်နုပ်စဉ်း)

သကြား –  စားပွဲဇွန်း ၃ ဇွန်း

ကော်မှုန့်  –  စားပွဲဇွန်း၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း၂ ဇွန်း

ခရုဆီ  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၃-၄ မြွှာ

ရေ  –  ဖန်ခွက် ၃ ခွက်

ပြုလုပ်နည်းအဆင့်ဆင့်

၁။  ကြက်သွန်ဖြူကို နုပ်နုပ်စဉ်းထားပါ။ ကြက်သွန်နီကို အတုံးကြီးကြီးလေးတွေ တုံးထားပါ။ အလုံးသေး ရင်တော့ ထက်ခြမ်းခြမ်းပြီး နည်းနည်းကြီးရင်တော့ ၄ စိတ်စိတ်ထားပါ။ အာလူးကို အခွံနွှာပြီး အနေတော် အတုံးလေးများ တုံးထားပါ။ အရမ်းကြီး သေးစရာ မလိုပါဘူး။ ပြောင်းဖူးကို အစေ့လေးများ ခြွေထားပါ။

၂။  အိုးကိုအပူပေး၍ အိုးပူလာပြီဆိုလျှင် ဆီများများ ထည့်ပြီး ပဲခေါက်ဆွဲအနှစ်ကို ထည့်ကြော်ပါ။ ၃ မိနစ် ခန့် ကြော်ပြီးလျှင် ပန်းကန်တစ်ချပ်ထဲမှာ ဆယ်ယူ ထားပါ။

၃။  ဆီကို အနည်းငယ်သာချန်ပြီး ဆီကို သတ်သတ်ဖယ် ထားပါ။ ကြက်သားကို ထည့်ကြော်၍ ဆယ်ယူပြီး ဖယ်ထားပါ။

၎။  ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ အာလူးနှင့် ပြောင်းဖူး တို့ကို ထည့်ကြော်ပါ။ အရသာမှုန့်များ ထည့်ပါ။ ကြက်သားကြော်၊ ကြော်ထားတဲ့ ပဲခေါက်ဆွဲအနှစ် ကို ပြန်ထည့်ပြီး ရေထည့်ပါ။

၅။  အားလုံးနူးပြီဆိုလျှင် ကော်မှုန့်ကို ရေဖျော်၍ ပျစ် အောင်ထားပြီး အိုးပေါ်မှချကာ နှစ်သက်ရာခေါက်ဆွဲ နဲ့ တွဲစားနိုင်ပါပြီ။ ဆုမြတ်ကတော့ ဟင်းနုနယ် ခေါက်ဆွဲကို သုံးထားပါတယ်။

Facebook Comments