Koong Tung (ကွန်းထန့်)

by May Phyo Thi for Food Magazine

          ဒီပင်လယ်စာလေးကလည်း အခြားနိုင်ငံများကနေပြီး မြန်မာပြည်ရောက်လာတာ မကြာသေးပေမယ့် လူတော်တော်များများ ကြိုက်နှစ်သက်ကြပြီး ဆိုင်ကြီးတွေမှာ ဈေးကြီးပေး သွားစားလေ့ရှိတဲ့ စားပွဲပေါ်မှာတင်ပြီး စားရတဲ့ တုံယမ်းပင်လယ်စာလေး တစ်မျိုးပါ။ ဒီဟင်းပွဲလေးကိုတော့ ပိတ်ရက်မှာ သူငယ်ချင်း၊ မိသားစုများဖြင့် တပျော်တပါး လုပ်စားလို့ရအောင် တင်ပြပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

ပုစွန်တုပ်  –  ၃ ကောင်

ကဏန်း  –  ၃ ကောင်

သွေးခုံး  –  ၂၀ဝ ဂရမ်

ရေဘဝဲ  –  ၁၀ဝ ဂရမ်

ကင်းမွန်  –  ၁၀ဝ ဂရမ်

ပြောင်းဖူး  –  ၁ ဖူး

တုံယမ်းအနှစ်  –  ၂၀ဝ ဂရမ်

နို့စိမ်း  –  ၁ ဘူး

ငရုတ်သီးမှုန့် (အစပ်)  –  စားပွဲဇွန်း ၂ ဇွန်း

ဆား  –  အနည်းငယ်

ထောပတ်  –  စားပွဲဇွန်း ၁ ဇွန်း

ကြက်သွန်ဖြူ  –  ၅ မြွှာ (နုပ်နုပ်စဉ်း)

ပြုလုပ်နည်း

၁။       သန့်စင်ထားသော ကဏန်း၊ ပုစွန်တုပ်၊ ခုံး၊ ရေဘဝဲ၊ ကင်းမွန်နှင့် ပြောင်းဖူးတို့ကို ပြုတ်ပါ။

၂။       အိုးတစ်အိုးထဲ ထောပတ်ထည့်ပြီး ကြက်သွန်ဖြူဆီသတ်ပါ။ ပြီးလျှင် ငရုတ်သီးမှုန့်၊ တုံယမ်း အနှစ်များ ဖောက်ထည့်ပါ။ နို့စိမ်းထပ်ထည့်၍ အရသာမြည်းပြီး ဆားထပ်ထည့်ပါ။

၃။       ထို့နောက် ပင်လယ်စာပြုတ်ထားသည်များ ထည့်မွှေပြီး အိုးပေါ်ကချကာ ဒီအတိုင်း စား၍ရသလို ထမင်းဖြူဖြင့်လည်း စားသုံးနိုင်ပါတယ်။

Facebook Comments