Kimchi and pork belly stir fry

by Hsu Myat Oo for Food Magazine

          ကင်ချီကို ထမင်းနဲ့တွဲစားဖို့ ဟင်းတစ်ခွက်အဖြစ် ချက်မယ်ဆိုရင်တော့ ဆုမြတ်က ကင်ချီကို ဝက်သားနဲ့ ကြော်တာ အကြိုက်ဆုံးပါပဲ။ ဒီဟင်းလေးက သူငယ်ချင်းရဲ့ အိမ်ကို အလည်သွားခဲ့တုန်းက ကြော်ကျွေးဖူးကတည်းက ကြိုက်နှစ်သက်သွားတာပါ။ ကင်ချီနဲ့ သုံးထပ်သားကို ရိုးရိုးလေးကြော်ကျွေးခဲ့ပေမယ့် တော်တော်လေး စား ကောင်းတာမို့ အခုကိုရီးယားစာလေးလုပ်ဖို့ စဉ်းစားမိချိန် မှာတော့ ဒီဟင်းလေးကို သတိရမိသွားတယ်။ အခု ကင်ချီ၊ ဝက်သားကြော်လေးကိုတော့ ကိုရီးယားဟင်းချက်နည်း လေးနဲ့ အနီးစပ်ဆုံး ဖြစ်အောင် ပြန်ပြင်ထားပါတယ်။

ပါဝင်ပစ္စည်းများ

ဝက်သားသုံးထပ်သား  –  ၂၀ဝ ဂရမ် (ဗိုက်သား)

ကင်ချီ  –  ၄၀ဝ ဂရမ်

ဆား  –  အနည်းငယ်

ပဲငံပြာရည်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ငရုတ်သီးအနှစ်  –  စားပွဲဇွန်း ၂ ဇွန်း (Gochujang)

ငရုတ်သီးအမှုန့်  –  စားပွဲဇွန်း ၂ ဇွန်း

နှမ်းဆီမွှေး  –  အနည်းငယ်

ကြက်သွန်မြိတ်  –  ၁ ပင်

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဝက်သားကို အနေတော်အရွယ်လေးတွေ လှီးပြီး ဆား၊ ငရုတ်ကောင်းနဲ့ နယ်ထားပါ။

၂။       ကင်ချီကို အနေတော်အရွယ်လေးတွေ လှီးထားပါ။ ကြက်သွန်မြိတ်ကို ရှည်ရှည်လေးတွေ ဖြတ်ထားပါ။

၃။       ဝက်သားကို အိုးထဲမှာ ဆီအနည်းငယ်နဲ့ ကြော်ထားပါ။ ဝက်သားကျက်ပြီဆိုလျှင် ကင်ချီ၊ ငရုတ်သီး အမှုန့်၊ ငရုတ်သီးအနှစ်၊ ဆား၊ ငရုတ်ကောင်း၊ ပဲငံပြာရည်တို့ကိုထည့်ပြီး ရောမွှေပါ။ ကင်ချီအရည်ကို ရောထည့်ပြီး ကြော်ပေးပါ။

၎။       ကြက်သွန်မြိတ်နှင့် နှမ်းဆီမွှေးထည့်ပြီး ထမင်းနဲ့ သုံးဆောင်နိုင်ပါပြီ။

Facebook Comments