Japchae with Beef (ကိုရီးယားပဲကြာဆံနှင့် အမဲသားကြော်)

by Mario Win Zaw for Food Magazine

          ဒါကတော့ ကိုရီးယားရိုးရာအစားအစာလေးပါ။ ဆယ်စုနှစ်ရာစုကတည်းက စားသုံးလာခဲ့ကြပြီး ယခုအခါ မြန်မာနိုင်ငံမှာ အလွန်ပဲ စားသုံးနေကြပါပြီ။ ပဲကြာဆံက အလုံးနည်းနည်းပိုကြီးတော့ ပြုတ်ရတာ ပိုပြီးကြာပါတယ်။

ပါဝင်ပစ္စည်းများ

ကြက်သွန်နီ  –  ၁ လုံး

ပန်းငရုတ်ပွ  –  အနည်းငယ်

မုန်လာဥနီ  –  အနည်းငယ်

မှိုအမည်း  –  ၁ ပွင့်

မုန်ညင်းစိမ်း  –  ၁ ပင်

နှမ်းလှော်စေ့  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

အမဲသား  –  ၅၀ ဂရမ်

ဆား၊ ငရုတ်ကောင်း  –  သင့်တော်ရုံ

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၁ ဇွန်း

ပဲငံပြာရည်အနောက်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သကြား  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ကြက်သွန်ဖြူ  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ကြက်ဥ  –  ၁ လုံး

ကြက်သွန်မြိတ်  –  အနည်းငယ်

ဆီ  –  အနည်းငယ်

ပဲကြာဆံ  –  ၁ ထုပ်

ပြုလုပ်နည်း

၁။       ဦးစွာ ခပ်ပါးပါးလှီးထားသော အမဲသားကို ကြက်သွန်ဖြူနှင့် ဆီသတ်ပါ။ ပြီးလျှင် ကြက်ဥထည့်ပြီး မွှေပါ။ ပြီးလျှင် အသီးအရွက်များအားလုံးထည့်ပြီး အရသာများ အားလုံးထည့်ပါ။ ပြီးလျှင် ပဲကြာဆံနှင့် ရေနည်းနည်းထည့်ပြီး နှံ့အောင်ကြော်ပါ။

၂။       အရသာမြည်းပြီး ရေလည်းခြောက်ပြီဆိုလျှင် ပန်ကန်ထဲထည့်၍ နှမ်းဖြူးလိုက်လျှင် ရပါပြီ။

Facebook Comments

Menu