Japanese Curry (ဂျပန်ဟင်းလျာ)

by မေဖြိုးသီ for Food Magazine

          ဒီဂျပန်ရိုးရာဟင်းလေးက အခုမြန်မာနိုင်ငံမှာ ခေတ်စားလာပြီး မြန်မာလူမျိုးများလည်း အဲဒီအရသာကို ကြိုက်နှစ်သက်ကြလို့ ဆိုင်တွေမှာ မှာစားလေ့ရှိကြတာကို တွေ့ရပါတယ်။ အပြင်မှာ မစားချင်တဲ့သူများအနေနဲ့လည်း ကိုယ်တိုင် ချက်ပြုတ်စားနိုင်ဖို့ပဲ လုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ ဒီဟင်းလေးကိုတော့ အသားပါမှမဟုတ်ဘဲ သက်သတ်လွတ် အနေနဲ့လည်း ချက်ပြီး စားသုံးနိုင်ပါတယ်။ အရသာလေးကတော့ အိန္ဒိယဟင်းအနံ့နဲ့လည်း ဆင်တူပါတယ်။ ထမင်းလေးနဲ့ တွဲဖက်စားသုံးတဲ့အခါ အလွန်ပဲ အရသာရှိပါတယ်။

ပါဝင်ပစ္စည်းများ

Chicken Fried (ကြက်သားကြော်) 

ကြက်ရင်ပုံသား  –  ၁၂၀  ဂရမ်

ဂျုံ  –  ၁၀ဝ ဂရမ်

ကြက်ဥ  –  ၁ လုံး

ပေါင်မုန့်ခြောက်မှုန့်  –  ၁၀ဝ ဂရမ်

ဆီ  –  အလုံအလောက်

ဆား၊ ငရုတ်ကောင်းမှုန့်  –  စားပွဲဇွန်း ၁ ဇွန်းစီ

Curry (ဟင်းအနှစ်)

ကြက်သွန်နီ  –  ၃ လုံး

ကြက်သွန်ဖြူ  –  ၅ ဂရမ်

မြေပဲဆီ  –  စားပွဲဇွန်း ၂ ဇွန်း

ကြက်စွပ်ပြုတ်  –  ၁ ခွက် (၁၅၀ ဂရမ်)

ချင်း  –  စားပွဲဇွန်း ၁ ဇွန်း

ပန်းသီး  –  ၁ လုံး

ဂျုံ  –  စားပွဲဇွန်း ၄ ဇွန်း

မုန်လာဥနီ  –  ၂ လုံး

အာလူး  –  ၂ လုံး

မဆလာ  –  စားပွဲဇွန်း ၁ ဇွန်း

ဟင်းခတ်မှုန့်  –  စားပွဲဇွန်း ၄ ဇွန်း

ခရမ်းချဉ်သီးအနှစ်  –  စားပွဲဇွန်း ၂ ဇွန်း

သကြား  –  စားပွဲဇွန်း ၂ ဇွန်း

ပဲငံပြာရည်အကြည်  –  စားပွဲဇွန်း ၂ ဇွန်း

ရေ  –  ၄ ခွက်

ပြုလုပ်နည်း

၁။       ဦးစွာ ဂျပန်ဟင်းအနှစ်နှင့် တွဲစားရန် ကြက်သားကို ကြော်ပါမယ်။ ကြက်ရင်ပုံသားကို အနည်းငယ်ပြားသွားအောင် ထုပြီး ဆားနှင့် ငရုတ်ကောင်း ဖြူးထားပေးပါ။

၂။       ပြီးလျှင် အသားကို ဂျုံမှုန့်ကပ်ပြီး ကြက်ဥခေါက်ထားတဲ့အထဲ နှစ်၍ ပေါင်မုန့်ခြောက်မှုန့် ပြန်ကပ်ပြီး ဆီအိုးပူပူထဲ ရွှေညိုရောင်သန်းတဲ့အထိ ကြော်ပါ။ ဘေးမှာ ခဏထားပြီး ဟင်းအနှစ်လေး ချက်ပါမယ်။

၃။       ဟင်းအနှစ်ချက်ရန် ကြက်သွန်ဖြူ/နီ၊ ချင်းတို့နှင့် မီးအေးအေးမှာ ဆီသတ်ပါ။ ကြက်သွန်များ နူးညံ့ပြီး အိလာပါက နုပ်နုပ်စဉ်းထားသော ပန်းသီးများထည့်ပါ။ ထို့နောက် ဂျုံမှုန့်ကို ထည့်၍ ၁ မိနစ်ခန့်မွှေပါ။ ပြီးလျှင် မုန်လာဥနီ၊ အာလူး၊ မဆလာနှင့် ဟင်းနှစ်အရသာမှုန့်တို့ကို ထည့်၍ နှံ့စပ်အောင်မွှေပါ။

၎။       နှံ့စပ်သွားပြီဆိုလျှင် ခရမ်းချဉ်သီးအနှစ်၊ သကြားနှင့် ရေကိုထည့်ပြီး မွှေပါ။ ပဲငံပြာရည်လေး ထပ်ထည့်ပြီး မိနစ် ၃၀ ခန့် အဖုံးအုပ်၍ ချက်ပြီးလျှင် အလွန်မွှေးပျံ့ပြီး ခံတွင်းမြိန်စေမယ့် ဂျပန်ဟင်းအနှစ်လေး ရပါပြီ။

၅။       အဲဒီဟင်းပွဲလေးကို ကြက်သားထည့်ချက်၍ ရသလို ကြက်သားကြော်နဲ့ ဆူရှီ ထမင်းလေးတို့ကို ဈေးကြီးပေးပြီး ဆိုင်အထိ သွားစားစရာမလိုဘဲ မိမိရဲ့အိမ်မှာပဲ မိသားစုလိုက် အရသာရှိရှိ သုံးဆောင်နိုင်ပါတယ်။

Facebook Comments