Ice-Cream Cup

by Hsu Myat Oo for Food Magazine

          နွေရာသီလည်းဖြစ်ပြီး သင်္ကြန်ပိတ်ရက်လည်း ဖြစ်နေတယ်။ အဲဒီတော့ ရေခဲမုန့်လုပ်စားကြမယ်။ ရေခဲမုန့်တင်မဟုတ်ဘဲ ရေခဲမုန့်ခွက်လေးတွေကိုပါ ကိုယ်တိုင်လုပ်ကြည့်ချင်တယ်ဆိုရင်တော့ လွယ်လွယ်ကူကူနဲ့ လုပ်လို့ရမယ့် နည်းလေးကို ပြောပြထားပါတယ်နော်။

ပါဝင်ပစ္စည်းများ

ရေ  –  ၂၅၀ ဂရမ်

သကြား  –  ၃၇ ဂရမ်

ဆား  –  လက်ဖက်ဇွန်း ၁ ဇွန်း

ထောပတ်  –  ၁၀ဝ ဂ၇မ်

ကိတ်ဂျုံ  –  ၁၇၅ ဂရမ်

ကြက်ဥ  –  ၂၂၅ ဂရမ်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ထောပတ်၊ ဆား၊ ရေနှင့် သကြားကိုရောပြီး မီးနဲ့အပူပေးပါ။ ကိတ်ဂျုံကို ဆန်ခါချပေးထားပါ။ ထောပတ်တွေ အပူပေးတာ ပွက်ပွက်ဆူနေပြီဆိုလျှင် ဆန်ခါချထားတဲ့ ဂျုံတွေကို ရောထည့်ပြီး သမအောင်ကျိုပါ။

၂။       ဂျုံသားတွေကို လက်နဲ့စမ်းပြီး လက်က အပူခံနိုင်သည်အထိ အအေးခံထားပါ။ အေးသွားပြီ ဆိုလျှင် ကြက်ဥကို ဖြည်းဖြည်းချင်း ရောထည့်ပေးပြီး စက်နဲ့ သမအောင်မွှေပါ။ အားလုံး သမသွားပြီဆိုလျှင် Pipping Bag ကို Star Nozzle လေးတွေသုံးပြီး မုန့်နှစ်များကိုထည့်ပါ။

၃။       မုန့်ဖုတ်မယ့်ဗန်းကို ဆီစိမ်စက္ကူခင်းပြီး မုန့်နှစ်များကို အလုံးလေးတွေဖြစ်အောင် ညှစ်ထည့်ပါ။ အရမ်းကြီးကြီးအောင် ညှစ်မထည့်လည်း ရပါတယ်။ မီးဖိုထဲရောက်ပြီး ဖုတ်လိုက်တဲ့အချိန်မှာ ပွလာမှာဖြစ်တာကြောင့်ပါ။

၎။       မုန့်ဗန်းကို မီးဖိုထဲမှာ အပူချိန်အပေါ်အောက် မီးအပူချိန် 200˚C နဲ့ မိနစ် ၃၀ ခန့် ဖုတ်ပေးပါ။ မုန့်သားလေးတွေ ရလာပြီဆိုလျှင် ထိပ်က ဖောက်ပြီး ရေခဲမုန့်ထည့်ပြီး သုံးဆောင်လို့ ရပါပြီ။

Facebook Comments