Hot Sauce Chicken Wings with Vegetables ကြက်တောင်ပံကင် အစပ်ဆော့စ်နှင့် အသီးအနှံကင်

for Food Magazine

Chicken Wings

ကြက်တောင်ပံအတွက် ပါဝင်ပစ္စည်းများ

ကြက်တောင်ပံ  –  ၆၀ဝ ဂရမ်

Oregano  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ပင်စိမ်းအရွက်ခြောက်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

သံလွင်ဆီ  –  အနည်းငယ်

ကြက်သွန်ဖြူ  –  ၃ မြွှာ (နုပ်နုပ်စဉ်း)

ကြက်သွန်နီ  –  ၁ လုံး (နုပ်နုပ်စဉ်း)

ထောပတ်  –  စားပွဲဇွန်း ၂ ဇွန်း

Barbecue Sauce  –  စားပွဲဇွန်း ၈ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်တောင်ပံကို Oregano, ငရုတ်ကောင်း၊ ပင်စိမ်းအရွက်ခြောက်မှုန့်၊ ဆားတို့နှင့် သမအောင် နယ်နှပ်ထားပါ။ အကင်ကင်မယ့်ဗန်းကို သံလွင်ဆီသုတ်ပြီး ကြက်တောင်ပံများကို နေရာချပါ။ Oven ထဲမှာ အပူချိန် 180˚C နဲ့ မိနစ် ၂၀ ခန့် ကင်ပြီး တစ်ဖက်လှန်ပေးပါ။ နောက်တစ်ဖက်ကို မိနစ် ၂၀ ခန့် ထပ်ကင်ပါ။

၂။       အိုးတစ်လုံးကို မီးဖိုပေါ်မှာ အပူပေးပြီး ထောပတ်ထည့်ပါ။ ကြက်သွန် ဖြူ/နီ နုပ်နုပ်စဉ်းပြီး ဆီသတ်ပါ။ Barbecue Sauce ထည့်ပါ။ မိနစ် အနည်းငယ်ခန့် ချက်ပြီးလျှင် ကင်ထားတဲ့ ကြက်တောင်ပံများ ထည့်ပြီး သမအောင် မွှေထားပါ။

အသီးအနှံကင်အတွက် ပါဝင်ပစ္စည်းများ

ရွှေဖရုံသီး  –  ၁၀ဝ ဂရမ်

ကန်စွန်းဥ  –  ၁၀ဝ ဂရမ်

အာလူး  –  ၁၀ဝ ဂရမ်

မုန်လာဥနီ  –  ၁၀ဝ ဂရမ်

Oregano  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း ၁  ၁/၂ ဇွန်း

ပင်စိမ်းအရွက်ခြောက်မှုန့်  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

ဆား  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သံလွင်ဆီ  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ရွှေဖရုံသီး၊ ကန်စွန်းဥ၊ အာလူးနှင့် မုန်လာဥနီတို့ကို အနေတော်အတုံးလေးများ တုံးထားပါ။ အိုးတစ်လုံးထဲမှာ တစ်ခုချင်းစီကို သတ်သတ်စီနူးအောင် ပြုတ်ထားပါ။ ခက်ရင်းနှင့် ထိုးကြည့်လိုက်လို့ အိသွားလျှင် ရပါပြီ။ ပြုတ်ထားတဲ့ အသီးအနှံအားလုံးကို Oregano၊ ငရုတ်ကောင်း၊ ပင်စိမ်းအရွက်ခြောက်မှုန့်နှင့် ဆားတို့နဲ့ နယ်ထားပါ။

၂။       ဖုတ်မည့်ဗန်းကို သံလွင်ဆီသုတ်ပြီး အသီးအနှံများအားလုံး ဖြန့်ခင်းထားပါ။ Oven ထဲမှာ အပူချိန် 180˚C လောက်နဲ့ ၁၅ မိနစ်ခန့် ဖုတ်ပေးပါ။

၃။       ဖုတ်ထားတဲ့ အသီးအနှံတို့နှင့် ကြက်တောင်ပံကင်တို့ကို တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။

Facebook Comments