Honey Chicken Drum Steak (ကြက်ဒူးဆစ်သား ပျားရည်ကင်)

by Win Zaw @ Mario Win Zaw for Food Magazine

          ဒီအစားအစာလေးကတော့ ကြက်သားထဲ ပျားရည်အရသာသွင်းပြီး ကင်ထားတာပါ။ စားလို့လည်း ကောင်းပါတယ်။ လုပ်ကြည့်ကြရအောင်။

ပါဝင်ပစ္စည်းများ

Chicken Drum Steak (ကြက်ဒူးဆစ်သား)  –  ၅ ချောင်း

Honey (ပျားရည်)  –  ၁၀ဝ ဂရမ်

Soy Sauce (ပဲငံပြာရည်)  –  ၃၅ ဂရမ်

Oil (ဆီ)  –  ၃၀ ဂရမ်

White Wine (ဝိုင်အဖြူ)  –  ၁၀ ဂရမ်

Garlic Powder (ကြက်သွန်ဖြူမှုန့်)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Ginger Chop (ချင်း)  –  လက်ဖက်ရည်ဇွန်း ၂ ဇွန်း

Dijon Mustard  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

Spring Onion (ကြက်သွန်မြိတ်)  –  အနည်းငယ်

Salt & Pepper (ဆား၊ ငရုတ်ကောင်း)  –  အနည်းငယ်

Sesame (နှမ်းစေ့)  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်သားကို သန့်ရှင်းရေးလုပ်ပြီး ဓားရာပေးထားပါ။

၂။       ကြက်သွန်မြိတ်၊ နှမ်းကလွဲ၍ ပါဝင်ပစ္စည်းအားလုံးရောပြီး ဆော့စ်စပ်ပါ။ ပြီးလျှင် အသားနှင့်နယ်ပြီး ၁ နာရီခန့် သိမ်းထားပါ။

၃။       ပြီးလျှင် အသားအရောင်လေးရအောင် သံပြားပူဖြင့် ကင်ပါ။ ပြီးလျှင် ဗန်းထဲ စီထည့်ပြီး အာဗင်ထဲထည့်ကာ မိနစ် ၃၀ ခန့်ထားပါ။ ကျက်ပြီဆိုလျှင် အပေါ်မှ ကြက်သွန်မြိတ်နှင့် နှမ်းဖြူးပြီး ထည့်ပေးပါ။

Facebook Comments