Grilled Chicken Breast with Sauté Potato and Asparagus

by Hsu Myat Oo for Food Magazine

          ဒီဟင်းပွဲလေးကို ပြင်ဆင်မယ်ဆိုရင်တော့ ခက်ရင်းနဲ့ ဓားလေး ဘေးကနေ ပြင်ဆင်ပေးပါ။ ကြက်သားက အကျက်လွန်သွားရင်လည်း မာတတ်တာကြောင့် သတိထားပါနော်။

ကြက်သားကင်ရန် ပါဝင်ပစ္စည်းများ

ကြက်ရင်ပုံ  –  ၂ ခု

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

သံလွင်ဆီ

ပြုလုပ်နည်း

၁။       ကြက်ရင်ပုံသားကို ရေစင်အောင်ဆေးပြီး ဆား၊ငရုတ်ကောင်း၊ သံလွင်ဆီနဲ့နယ်ပြီး နာရီဝက်လောက် နှပ်ထားပါ။ Thyme ရှိတယ်၊ ကြိုက်တယ်ဆိုလျှင် ထည့်ပြီး နယ်နှပ်ထားပါ။

၂။       နာရီဝက်ကြာပြီဆိုလျှင် မကပ်တဲ့အိုးပေါ်မှာ ကြက်ရင်ပုံအတွင်းသား ၇၅ ဒီဂရီ စင်တီဂရိတ် ရောက်သည်အထိ  နှစ်ဖက်စလုံး အကျက်ညီအောင် ကင်ပါ။

အာလူးနှင့် ကညွတ်အတွက် ပါဝင်ပစ္စည်းများ

အာလူး  –  ၄၀ဝ ဂရမ်

ကညွတ်  –  ၄၀ဝ ဂရမ်

ဆား၊ ငရုတ်ကောင်း  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ထောပတ်  –  စားပွဲဇွန်း ၃ ဇွန်း

ကြက်သွန်ဖြူ  –  စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)

ကြက်သွန်နီ  –  စားပွဲဇွန်း ၁ ဇွန်း (နုပ်နုပ်စဉ်း)

ပြုလုပ်နည်း

၁။       အာလူးက အလုံးသေးတယ်ဆိုလျှင် ထက်ခြမ်းခြမ်းပါ။ ကြီးတယ်ဆိုလျှင် ၄ စိတ် စိတ်ထားပါ။ အာလူးကို အခွံနွှာပြီး ရေနွေးပူပူမှာ ပြုတ်ပါ။ ခက်ရင်းနဲ့ထိုးလိုက်လို့ အဆင်ပြေပြီဆိုလျှင် ရပါပြီ။ အခွံမနွှာချင်ဘူး ဆိုလျှင်လည်း အခွံကို သေချာရေဆေးပြီး ပြုတ်ပါ။

၂။       အိုးပူလာပြီဆိုလျှင် ထောပတ်ထည့်ပြီး ကြက်သွန်ဖြူ/နီ ထည့်ပါ။ ပြုတ်ထားတဲ့ အာလူးထည့်ပြီး ကြော်ပါ။ ဆား၊ ငရုတ်ကောင်းအနည်းငယ်စီ ဖြူးပါ။ နည်းနည်း အရောင်လေးပြောင်းသွားပြီဆိုလျှင် ရပါပြီ။

၃။       ကညွတ်ရဲ့ ရင့်တဲ့နေရာတွေကို ဖြတ်ထားပြီး ရေစင်အောင်ဆေးပါ။ အိုးပူလာပြီဆိုလျှင် ထောပတ်ထည့်ပြီး ကြက်သွန်ဖြူ/နီ ထည့်ပါ။ ကညွတ်ကို ထည့်ပြီး ဆား၊ ငရုတ်ကောင်းအနည်းငယ်စီဖြူးပါ။ နည်း နည်းအရောင်လေးပြောင်းသွားပြီဆိုလျှင် ရပါပြီ။

ဆော့စ်စပ်ရန် ပါဝင်ပစ္စည်းများ

မရောနိစ်  –  စားပွဲဇွန်း ၂ ဇွန်း

Tabasco Sauce  –  လက်ဖက်ရည်ဇွန်း ၃ ဇွန်း

ပျားရည်  –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ပါဝင်ပစ္စည်းအားလုံးကို ပန်းကန်လုံးတစ်လုံးထဲမှာ သမအောင် ရောမွှေထားပါ။

၂။       ပန်းကန်၂ ချပ်ကို တစ်ချပ်စီမှာ ကြက်ရင်ပုံ၊ ကညွတ်၊ အာလူးနှင့် ဆော့စ်တို့ကို ပြင်ပြီး တည်ခင်းနိုင်ပါပြီ။

Facebook Comments