Ginseng Chicken Soup (ဂျင်ဆင်းကြက်သားစွပ်)

by Ko Win Zaw @ Mario Win Zaw for Food Magazine

          ကိုရီးယားလူမျိုးတွေ ကျန်းမာရေးအရ တန်ဖိုးထားတဲ့ ဆေးမြစ်စွပ်ပြုတ်လေးပါ။ ခါးသက်သက်လေးနှင့် ဆိမ့်နေတော့ အရသာလည်း ရှိတယ်ဗျ။ ကဲ… လုပ်ကြရအောင်။

ပါဝင်ပစ္စည်းများ

ကြက်သား  –  ၈၀ဝ ဂရမ်

ဂျင်ဆင်း  –  ၁ ပင် (၂၀ဝ ဂရမ်)

ကြက်သွန်နီ  –  ၁ လုံး (၄ ၁/၂ စိတ်)

ကြက်သွန်ဖြူ  –  ၅ မြွှာ

ချင်း  –  ၁ တက် (အလွှာပြား)

ကြက်သွန်မြိတ်  –  ၃ ပင်

မှိုခြောက်မည်း  –  ၃ ပွင့်

ဆား၊ ငရုတ်ကောင်း  –  အနည်းငယ်

Wolf Berry  –  ၁၀ စေ့

ခွေးလှေးယားစေ့  –  ၁၀ စေ့

သကြား  –  ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။       ကြက်သားကို ရေဆေးသန့်စင်ပြီး အားလုံးရော၍ ရေဆူအောင်တည်ပါ။ ရေဆူလျှင် မီးအေးအေးဖြင့် ကြာကြာထားပါ။

၂။       ကြက်သားနူးလာလျှင် အရသာမြည်း၍ စားသုံးနိုင်ပါပြီ။ အကယ်၍ လိုအပ်ပါက ကြက်သားမှုန့် ထည့်သုံးလျှင်လည်း ကောင်းပါတယ်။

Facebook Comments