Ginger Bread Cookies

by Hsu Myat Oo for Food Magazine

          Ginger Bread Cookies လေးတွေကို ကလေးတွေ လိုက်လုပ်လို့လည်း အဆင်ပြေစေပါတယ်။ အရုပ်လေးတွေ လုပ်ပြီး ပုံလေးတွေ ဆွဲရတာကြောင့် ကလေးတွေ ကြိုက် နှစ်သက်မှာပါ။

ပါဝင်ပစ္စည်းများ

ပေါင်မုန့်ဂျုံ  –  ၂၀ဝ ဂရမ်

ချင်းမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

သစ်ကြံပိုးခေါက်အမှုန့်  –  လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ဇာတိပ္ဖိုလ်သီးအမှုန့်  –  လက်ဖက်ရည်ဇွန်း တစ်ဝက်

မုန့်ဖုတ်ပေါင်ဒါ  –  လက်ဖက်ရည်ဇွန်းတစ်ဝက်

ဆား  –  လက်ဖက်ရည်ဇွန်း ၁/၄ ဇွန်း

ထောပတ်  –  ၁၀ဝ ဂရမ်

သကြားညို  –  ၆၅ ဂရမ်

ပျားရည်  –  ၃၅ ဂရမ်

ကြက်ဥ  –  တစ်ဝက်

ဗီနီလာအနံ့

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ဇလုံတစ်လုံးထဲ ဂျုံ၊ ချင်းအမှုန့်၊ သစ်ကြံပိုးခေါက်အမှုန့်၊ ဇာတိပ္ဖိုလ်သီးအမှုန့်နှင့် မုန့်ဖုတ်ပေါင်ဒါတို့ကို ရောထားပါ။

၂။       ထောပတ်နှင့် သကြားကို ရောနယ်ပါ။ ကြက်ဥထည့်ပြီး နယ်ပါ။ ပျားရည်ထည့်ပါ။

၃။       ထောပတ်အရောထဲသို့ ဂျုံအရောများကိုထည့်ပြီး နယ်ပါ။ ဗီနီလာအနံ့ထည့်ပြီး နယ်ပါ။ ရေခဲသေတ္တာထဲမှာ ခဏထည့်သိမ်းထားပါ။

၎။       ကွတ်ကီးအသားကို အပြင်ထုတ်ကာ ဆီစိမ်စက္ကူခင်းပြီး အပေါ်မှလည်း ဆီစိမ်စက္ကူ ထပ်ခင်းပါ။ တလိမ့်တုံးဖြင့် အနေတော် အထူရအောင် လှိမ့်ပါ။

၅။       ကွတ်ကီးသားများကို အရုပ် Cutter လေးများဖြင့် ဖြတ်ပြီး မုန့်ဖုတ်မည့် ဗန်းထဲ ဆီစိမ်စက္ကူခင်းပြီး ထည့်ပါ။ အပေါ် မီး၊ အောက်မီး 170˚C ဖြင့် ၈ မိနစ်မှ ၁၀ မိနစ်ခန့်အထိ ဖုတ်ပါ။ ရလာတဲ့ ကွတ်ကီးလေးများကို Royal Icing  ဖြင့် အရုပ်ပုံလေးတွေကို ဆွဲပါ။ ဘူးလေးတွေ၊ ပလတ်စတစ် အိတ်အကြည်လေးတွေထဲထည့်ပြီး လက်ဆောင်ပေးနိုင်ပါပြီ။

Royal Icing

ပါဝင်ပစ္စည်းများ

ကြက်ဥအကာ  –  ၁ လုံး

သကြားမှုန့်  –  ၂၀ဝ ဂရမ် (ဏသတိနမှကါမေ)

သံပရာရည်  –  အနည်းငယ်

အစားအသောက်အရောင်

ပြုလုပ်နည်းအဆင့်ဆင့်

၁။       ကြက်ဥအကာ၊ သကြားအမှုန့်နှင့် သံပရာရည်တို့ကို ရောမွှေပါ။ ကြက်ဥမွှေတံဖြင့် သမအောင် ရောမွှေပါ။ အရည်ကျဲနေတယ်ဆိုရင် သကြားမှုန့် ထပ်ထည့်ပါ။ အရမ်းပျစ်နေတယ်ဆိုရင် ကြက်ဥ အကာထပ်ထည့်ပါ။

၂။       သမအောင်ရောမွှေပြီး ကြက်ဥမွှေတံကို အပေါ်မလိုက်လို့ အရည်တွေက တန်းတန်းလေးတွေ ဖြစ်နေရင် ရပါပြီ။ အသုံးပြုမည့် အရောင်လေးတွေထည့်ပြီး ဖုတ်ထားတဲ့ ကွတ်ကီးပေါ်မှာ သုံးနိုင်ပါပြီ။

Facebook Comments