Fruit Muffin (သီးစုံခွက်ကိတ်မုန့်)

by Win Zaw @ Mario Win Zaw for Food Magazine

          Cup Cake လို့ခေါ်တဲ့ Muffin Cake လေးတွေကိုတော့ ကလေးတွေ ပိုပြီးကြိုက်ကြပါတယ်။ ကြည့်လိုက်ရုံနဲ့ ပုံစံလှလှလေး မြင်ရတာနဲ့ ကိုင်လိုက်ရင်လည်း အနေတော်ဖြစ်တာတို့က ဆွဲဆောင်မှုတွေပါပဲ။ ကဲ… လုပ်ကြည့်ကြရအောင်…။

ပါဝင်ပစ္စည်းများ

ကြက်ဥ  –  ၁၀ လုံး

သကြား  –  ၅၀ဝ ဂရမ်

ဂျုံ  –  ၈၅၀ ဂရမ်

ဘေကင်ပေါင်ဒါ  –  ၄၅ ဂရမ်

ဆား  –  ၁၅ ဂရမ်

အသီးစုံအခြောက်  –  ၅၀ ဂရမ်

နွားနို့  –  ၅၀ဝ ဂရမ်

ထောပတ်ရည်  –  ၅၀ဝ ဂရမ်

ပြုလုပ်နည်း

၁။       ဦးစွာ ကြက်ဥနှင့် သကြားကို ပွတက်ပြီး ကြေညက်အောင် ရိုက်ပါ။

၂။       ထောပတ်ရည်မှလွဲ၍ ကျန်ပစ္စည်းအားလုံးထည့်ပါ။ အားလုံးသမ၍ အနေတော် သွားလျှင် ထောပတ်ရည်ကို ဖြည်းဖြည်းချင်း ထည့်ပါ။ အားလုံးနှံ့စပ်ဖို့က အရေးကြီးပါတယ်။ ပြီးလျှင် ပုံစံခွက်လေးများထဲ ထည့်ပြီး အပူချိန် 180˚C ပေးထားသော အာဗင်ထဲမှာ ဖုတ်ပါ။ မိနစ် ၃၀ ဆိုလျှင် ရပါပြီ။

Facebook Comments