Fried Vermicelli with Chicken (ကြက်ကြာဆံကြော်)

by Win Zaw @ Mario Win Zaw for Food Magazine

ကြက်ကြာဆံကြော်ကတော့ လူတိုင်းစားနေကြတာပါပဲ။ ဒါပေမဲ့ ကြော်နည်းလေးကိုတော့ တချို့က မသိကြပါဘူး။ ဒါကြောင့် မိမိကိုယ်တိုင် အိမ်မှာ ကြော်စားလို့ရအောင် တင်ပြပေးချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြာဆံ –  ၁၅၀ ဂရမ်
  • ကြက်သား –  ၁ဝဝ ဂရမ်
  • ဂေါ်ဖီ –  ၅၀ ဂရမ်
  • မုန်လာဥနီ –  ၁၀ ဂရမ်
  • ထိုင်ဝမ်မုန်ညင်း –  ၃၀ ဂရမ်
  • တရုတ်နံနံ –  ၁ ပင်
  • ဆား၊ ငရုတ်ကောင်း –  အနည်းငယ်
  • ခရုဆီ –  ၂၀ ဂရမ်
  • ပဲငံပြာရည်အကြည် –  ၁၀ ဂရမ်
  • ပဲငံပြာရည်အနောက် –  ၅ ဂရမ်
  • ကြက်ဥ –  ၁ လုံး
  • ဆီ –  ၃၀ ဂရမ်
  • ကြက်သွန်ဖြူ –  စားပွဲဇွန်း ၁ ဇွန်း

ပြုလုပ်နည်း

၁။        ဦးစွာ ကြက်သားကို ခပ်သေးသေးလှီး၍ ဖြတ်ပြီး ကြက်သွန်ဖြူဖြင့် ဆီသတ်ပါ။ ပြီးလျှင် ကြက်ဥ

ထည့်ပြီး မွှေကြော်ပါ။ ပြီးလျှင် ကျန်တဲ့ပါဝင်ပစ္စည်းများအားလုံးထည့်ပြီး ကြော်ပါ။

၂။         ကြာဆံနှင့် အသီးအရွက်များ နူးသွားပြီဆိုလျှင် ဆယ်ယူပြီး စားနိုင်ပါပြီ။

Facebook Comments